Unicodeအရှိန်အဟုန်ဖြင့် မောင်းနှင်လာသော
ကားတစ်စီးကို အဆောက်အအုံထဲက လူတွေမှာ စိတ်ဝင်တစား စောင့်ကြည့်လို့။
ဒီနေရာက ကန့်သတ်နေရာလိုဖြစ်တဲ့အတွက်ကြောင့် ဝင်ချင်တိုင်းဝင် လူတိုင်းကြုံရာဝင်လို့
ရသောနေရာတော့မဟုတ်ပေ။
ထိုကားက အရှိန်အဟုန်ကို လုံးဝမလျှော့ဘဲ
မြန်မြန်မောင်းနှင်လာတာဟာ ကြက်သီးထစရာအတိ။ထိုအချိန် အစောင့်တွေကြားက တစ်ယောက်မှာ
"ဟေ့ကောင်တို့..ငါ့ကိုမှန်ဘီးလူးတစ်ခုပေးစမ်း...
အဲ့ကားကို မောင်းလာတဲ့သူကိုကြည့်မလို့...''ထိုလူပြောပြီးသည်နှင့် သူ့လက်ထဲ မှန်ဘီးလူးကရောက်လာသည်။ ထိုလူကအလျင်အမြန်ပင် မှန်ဘီးလူးကိုယူပြီး မောင်းဝင်လာသော
ကားကို ကြည့်လိုက်သည်။ အဲ့အချိန် သူမြင်လိုက်ရတာက မိန်းကလေးတစ်ယောက်
မောင်းနှင်လာခြင်းဖြစ်သည်။"ဟေ့.ဟေ့..မိန်းကလေးကြီးကွာ....''
အရင်ကြည့်တဲ့လူက ထိုသိူ့ပြောတော့
ကျန်နေသူက မယုံကြည်သလို။ ထိုထဲကတစ်ယောက်က အရင်ကြည့်တဲ့လူဆီကနေ မှန်ဘီးလူးကို လုယူပြီး သူကိုယ်တိုင်ကြည့်လိုက်သည်။"တကယ်ကွာ...''
"ဘယ်သူဖြစ်မယ်ထင်လဲ...''
"အဲ့ဒါက.... ''
နောက်မှကြည့်တဲ့လူက သူပြောတဲ့စကားကို
ခဏရပ်လိုက်ပြီး အသေအချာကြည့်ကာ"အဲ့ဒါက..ဟိုအိမ်မှာ ဖမ်းထားတဲ့
မေရဏီပန်မလား...ဘာလို့ ဒီကိုရောက်လာတာလဲ...မဟုတ်မှလွဲရော..ဟေ့ကောင်တို့...
သေနတ်တွေပြင်ထား....''မေရဏီပန်ဆိုတဲ့နာမည်ကို ကြားတာနဲ့
အစောင့်တွေအားလုံး သေနတ်တွေကို
ကိုယ်စီမြှောက်တင်လိုက်တယ်။ ဒါပေမဲ့
မိနစ်ပိုင်းအတွင်း လျင်မြန်တဲ့နှုန်းနှင့် သူတို့ဆီ
ဦးတည်လာပါသော ကားမှာ အရှိန်လုံးဝမလျှော့ချတာကြောင့် ဘေးဘီရာကို ရွေ့ပေးရသည်။ သူတို့လမ်းရွေ့ပေးပေမဲ့လည်း
ထိုကားက နောက်တစ်ဖန် နောက်ပြန်ဆုတ်
ကွေ့ဝိုက်ကာ ကြောင်ကြည့်နေတဲ့ လူအားလုံးကို အရှိန်ဖြင့် ဝင်တိုက်လေတော့သည်။

YOU ARE READING
𝚁𝚎𝚊𝚍𝚢 𝚝𝚘 𝚋𝚎 𝚖𝚒𝚗𝚎 (𝚘𝚛) 𝙽𝚘𝚝 { 𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙 }
Romantik𝗪𝗮𝗿𝗻𝗶𝗻𝗴 [𝟭𝟴+] 𝗣𝗼𝘀𝘀𝗲𝘀𝘀𝗶𝘃𝗲 𝗧𝘆𝗽𝗲 𝗳𝗶𝗰🚨 ခေတ်လိုက်မင်းမူ+နှောင်းခေတ်မဟာဆန်