Unicodeအခန်းထဲ အတန်ကြာအောင် နမ်းနေမိသော လူနှစ်ယောက်တို့မှာ ချစ်စိတ်ကြောင့် ဖြစ်တည်လာတဲ့ ချစ်ခြင်းတွေ များစွာပါဝင်နေသော လိုချင်တပ်မက်မှုက သူတို့၏ အနမ်းခရီးကို အတောမသတ်နိုင်အောင် ဖြစ်စေသည်။ ထိုသို့ အတောမသတ်နိုင်သော လိုချင်တပ်မက်မှုတွေနောက်ဘဲ ခရီးဆန့်နေကြတဲ့အချိန် ခရီးအဆုံးထိ သွားဖို့
အရင်မောပန်းတဲ့လူက တားရစမြဲပင်ဖြစ်သည်။ နှောင်းခေတ်က အချိန်တော်ကြာ နမ်းနေတာ ပြီးမည့်အချိန်ကို နမ်းရင်း စောင့်မျှော်နေမိပေမဲ့ ရပ်တန့်ပေးဖို့ အခြေအနေမပြတဲ့ ခေတ်လိုက်ကြောင့် အသက်ရှူဖို့တောင် မဝတော့တဲ့ နှောင်းခေတ်က ခေတ်လိုက်အနမ်းကို ခဏရှောင်ကာ ပြောလိုက်သည်။"မောင်..တော်သင့်ပြီး ထင်တယ်..''
နှောင်းခေတ် အဲ့လိုပြောတော့ ခေတ်လိုက်က မကျေနပ်သလို နှောင်းခေတ်မျက်နှာကို ကြည့်လာပြီး ပြောတော့သည်။
"မောင်..အလွမ်းတောင်မပြေသေးဘူး...
နောက်ထပ်ခဏလောက်..နမ်းခွင့်ပေးပါအုံး..''နှောင်းခေတ်မှာ ခေတ်လိုက်ရဲ့ နမ်းရှုံ့မှုကြောင့် ထူပူနေသော နှုတ်ခမ်းကို ညင်သာစွာဖြင့် ကိုင်ရင်း ခေတ်လိုက်ရဲ့ တောင်းဆိုမှုကို လက်ခံ သင့်/မသင့် စဥ်းစားရန် သူခဏငြိမ်သက်သွားတော့သည်။ သို့ပေမဲ့ နောက်ထပ် ခေတ်လိုက်အလိုကို လိုက်ဖို့ မရတော့မှန်း
နှောင်းခေတ် သိတော့ သူက ငြင်းဆန်စကားဆိုလိုက်သည်။"နောက်ကျမှပါ..မောင်ရယ်..
ဒီတစ်ခါတော့ တော်တော့လေ..
ဒီလောက်အထိ နမ်းရတာတောင် မဝသေးဘူးလား....''သူ အဲ့လိုဆိုတော့ မောင်က သူ့ခါးကို ဖက်ထားရာကနေ လွှတ်လိုက်ပြီး တံခါးဘက်ကို မျက်နှာမူကာ အလိုမကျသောလေသံဖြင့် ပြောလာတော့သည်။
"မောင်က..ခင်ဗျာကို ဘယ်လောက်ဘဲ နမ်းရနမ်းရ..နမ်းလို့ဝမှာမဟုတ်ဘူး..တစ်သက်လုံး နေ့တိုင်း တစ်နေကုန် ထိုင်နမ်းနေလည်း မောင့်လိုကောင်က ဝမှန်းမသိဘူးထင်တယ်..
အဲ့ဒါဘာကြောင့်ထင်လဲ..ခင်ဗျာကို ချစ်လို့ပေါ့..အခုက မောင်လွမ်းနေရတာကို...
ခင်ဗျာက အလိုက်မသိ..ခေါင်းပါရှောင်လိုက်တာ..မောင်မကျေနပ်နေဘူးနော်..
အခုတော့ ထားပါတော့..နေကောင်းတဲ့အခါမှ
အတိုးချ ကြမ်းပစ်မှာ စောင့်ကြည့်နေ...''

YOU ARE READING
𝚁𝚎𝚊𝚍𝚢 𝚝𝚘 𝚋𝚎 𝚖𝚒𝚗𝚎 (𝚘𝚛) 𝙽𝚘𝚝 { 𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙 }
Romance𝗪𝗮𝗿𝗻𝗶𝗻𝗴 [𝟭𝟴+] 𝗣𝗼𝘀𝘀𝗲𝘀𝘀𝗶𝘃𝗲 𝗧𝘆𝗽𝗲 𝗳𝗶𝗰🚨 ခေတ်လိုက်မင်းမူ+နှောင်းခေတ်မဟာဆန်