Unicodeမနက်ကတည်းက ဆေးသောက်ပြီး ပြန်အိပ်သွားတဲ့ လူသားကို ခေတ်လိုက်မှာ
အခန်းသို့ ခေါ်ဆောင်သွားပြီး ခုတင်ပေါ်
သက်တောင့်သက်သာဖြစ်အောင်
ပြင်ဆင်ပေးပြီး အိပ်စေလိုက်သည်။
မနက်က ခေတ်လိုက်မှာ နမ်းရာကနေ
စိတ်ပါလာမိပေမဲ့ နေမကောင်းဖြစ်နေတဲ့
ထိုလူသားကြောင့် သူ့မှာ အဆင့်မတက်တော့ဘဲ ဒီအတိုင်း နမ်းနေရုံနှင့် ကျေနပ်လိုက်ရပြီး
စိတ်ကို ခက်ခက်ခဲခဲ ထိန်းချုပ်လိုက်သည်။တော်ကြာ ထိုလူသား နေမကောင်းတာတောင်မှ လုပ်နေသေးရင် ထိုလူသားက သူ့ကို
Sexလုပ်ရုံနှင့် အပျော်သက်သက်ယူထားတယ်လို့ ထင်နေအုံးတော့မှာ။ ဒါကြောင့်
ခေတ်လိုက်က လွှတ်ထွက်သွားတဲ့ကြား
စိတ်ကို ပြန်ထိန်းချုပ်လိုက်ပြီး ပင်ပန်းနေတဲ့
ထိုလူသားလေးကို နမ်းရာကနေလည်း ရပ်တန့်ပေးလိုက်သည်။အခုတော့ ထိုလူသားက နှစ်နှစ်ခြိုက်ခြိုက်ကို
အိပ်ပျော်လို့၊ သူကလည်း အိပ်နေတဲ့
ထိုလူသားဘေးနားမှာ ထိုင်ကာ
ထိုလူသားရဲ့ မျက်နှာကို ငေးကြည့်နေမိသည်။ စတွေ့ကတည်းက ရန်လိုသောအကြည့်နှင့် ရွံ့ရှာသောအကြည့်ဖြင့် သူ့ကို
စိုက်ကြည့်တတ်တဲ့ လူတစ်ယောက်ကို
သူက လက်ထပ်ယူလိုက်ရမယ်လို့
လုံးဝမထင်ထားခဲ့ပေ။ ဘယ်လိုဘဲဖြစ်ဖြစ်ပေါ့၊ ဟိုဘဲကြီးနဲ့ ရှိနေတာထက် သူ့နဲ့ရှိနေတာက ဒီလူသားအတွက် ပိုပြီးတော့ လုံခြုံတယ်။"ဘယ်တော့မှ....
မောင့်ကို ချစ်တယ်လို့ ပြောပေးမလဲ..
ခင်ဗျာရယ်....''နှောင်းခေတ်ရဲ့ ပါးတစ်ဖက်ကို ခေတ်လိုက်အသာလေး ဖဲ့ကိုင်လိုက်ကာ အသည်းယားစွာပြောနေမိတော့သည်။ ပြီးတော့ ထိုလူသားဆီကနေ ချစ်တယ်ဆိုတဲ့ စကားကို ခေတ်လိုက် ကြားချင်နေတာကတော့ သူ့ဆန္ဒအမှန်တွေပေါ့။
ခေတ်လိုက်လည်း နှောင်းခေတ်ဘေးနားလှဲအိပ်လိုက်ကာ နှောင်းခေတ်ကို သူ့ဘက်
လှည့်လိုက်ပြီး မျက်နှာလေးကို တစ်ဝကြီး
ငေးကြည့်ရင်းဖြင့် သူလည်း အိပ်လိုက်တော့သည်။ညနေခင်းဘက် ရောက်တဲ့အချိန် မနက်ကတည်းက အိပ်ပျော်သွားတဲ့ နှောင်းခေတ်မှာ နိုးလာတော့သည်။ သူမျက်လုံးဖွင့်ကြည့်လိုက်တဲ့အချိန် အရှေ့မှာ မြင်နေရတဲ့ မျက်နှာ
ချောချောလေးကို တိတ်တဆိတ် ကြည့်နေမိသည်။ ထိုမျက်နှာချောချောလေးကို
မြင်ရတဲ့အချိန်မှာတော့ နှောင်းခေတ်မှာ
အလိုလို ပြုံးသွားမိသည်။

YOU ARE READING
𝚁𝚎𝚊𝚍𝚢 𝚝𝚘 𝚋𝚎 𝚖𝚒𝚗𝚎 (𝚘𝚛) 𝙽𝚘𝚝 { 𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙 }
Romance𝗪𝗮𝗿𝗻𝗶𝗻𝗴 [𝟭𝟴+] 𝗣𝗼𝘀𝘀𝗲𝘀𝘀𝗶𝘃𝗲 𝗧𝘆𝗽𝗲 𝗳𝗶𝗰🚨 ခေတ်လိုက်မင်းမူ+နှောင်းခေတ်မဟာဆန်