Unicodeဘာလို့ သူက ထိုလူသားရဲ့ စိတ်ကို အရမယူနိုင်ရတာလဲဆိုပြီး သူ အချိန်တော်ကြာ စဥ်းစားနေမိတယ်။ ဒါပေမဲ့ အဖြေကလုံးဝ မထွက်လာတော့ သူ့မျက်နှာမှာလည်း ပျက်နေသလို ကုတ်ချိုးထားတဲ့ မျက်ခုံးတွေကလည်း ထိစပ်လုနီးပါးပင်။ အဲ့လောက်ထိ တွေးနေတဲ့ သူ့ကို ဘေးက လူတွေမှာလည်း အထူးခြားဖြစ်နေသလို မကြည့်ဘဲ ထိုသိူ့ သူဖြစ်နေတာက သူရဲ့ ချောမောမှုကို ပိုလို့ပင် ကူညီပေးနေသလို ဖြစ်နေသည်။
တစ်ခါတစ်လေ High girl တွေကတောင် သူ့ကို စိတ်ဝင်စားလာပြီး ဖြစ်သည်။ ဒါပေမဲ့ သူ့ ဘယ်သူကိုမှ ဂရုစိုက်မအားတော့ချေ။ သူလည်း တွေးလို့မရတဲ့အဆုံး ဖန်ခွက်ထဲ လက်ကျန်ရှိနေသော အရက်ကို တစ်ကျိုက်ထဲနဲ့ မော့သောက်လိုက်သည်။ သူ မူးပြီး ထိုလူအကြောင်း မေ့သွားနိုင်အောင် လုပ်နေပေမဲ့လည်း မေ့လို့လည်း မရတဲ့အပြင် ထိုလူ သူ့ကို ဂရုမစိုက်တာကို မြင်ယောင်မိတော့ ပိုလို့ပင်မကျေနပ်ဖြစ်နေမိသည်။
ထိုအချိန် သူ့ဘက် လှောက်လှမ်းလှတဲ့ အလှလေးတွေထဲက တစ်ယောက်ဟာ သူ့ဆီကို တန်းတန်းမတ်မတ်လျှောက်လာပြီး ဘယ်သူမှ မထိုင်တဲ့ ခုံဘေးနားကို ထိုင်ချလိုက်ကာ သူ့ကို စကားစပြောလာသည်။
"Hi guy. .Are you lonely?
လာတာနှင့် ကိုယ့်ဘာသာစကားကို မပြောဘဲ နိုင်ငံခြားစကားလာပြောနေတဲ့ ထိုမိန်းကလေးကြောင့် ခေတ်လိုက် နောက်တစ်ဖန် မျက်ခုံးကို တွန့်ချိုးလိုက်မိသည်။
"တို့အဖော်ပြုပေးရမလား..''
ခေတ်လိုက်မကြိုက်မှန်းပြတော့ ထိုမိန်းကလေးက ကိုယ့်ဘာသာစကားကိုဘဲ ပြန်ပြောပြီး သူ့ကို မေးလေသည်။
အဲ့မိန်းကလေးဘက် ခေတ်လိုက် မျက်လုံးဝေ့ကြည့်လိုက်တော့ အနက်ရောင် လက်ပြတ်အင်းကျီကို ရင်သားတွေ မြင်အောင် တမင်လှစ်ဟပြထားသလို ခပ်ပြတ်ပြတ်နှင့် အောက်ဘက်ကလည်း တိုနေတဲ့ စကပ်ရဲ့ ဘေးဘက်ခြမ်းမှာ လှပတဲ့ ပေါင်သားတွေကို အလှပြထားသလို ထိုမိန်းကလေး ဝတ်စားပုံတွေက Hot ဖြစ်လွန်းတယ်။
သူမကို အပေါ်အောက်စုံကြည့်နေတဲ့ ထိုကောင်လေးကြောင့် သူမမှာ ယုံကြည်မှုတွေ ပိုမြင့်မားလာရပြီး ထိုကောင်လေးရဲ့ ဘေးဘက်ခြမ်းက ခုံတွင် နီးကပ်စွာ ထိုင်လိုက်လေသည်။

YOU ARE READING
𝚁𝚎𝚊𝚍𝚢 𝚝𝚘 𝚋𝚎 𝚖𝚒𝚗𝚎 (𝚘𝚛) 𝙽𝚘𝚝 { 𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙 }
Romansa𝗪𝗮𝗿𝗻𝗶𝗻𝗴 [𝟭𝟴+] 𝗣𝗼𝘀𝘀𝗲𝘀𝘀𝗶𝘃𝗲 𝗧𝘆𝗽𝗲 𝗳𝗶𝗰🚨 ခေတ်လိုက်မင်းမူ+နှောင်းခေတ်မဟာဆန်