Chapter-65 ( U + Z )

817 17 9
                                    


Unicode

ညသန်းခေါင်ယံရဲ့ အကျည်းတန်ခြင်းက
မြို့တစ်ခုလုံးကို လွှမ်းမိုးထား၏။
တဖြည်းဖြည်း နက်မှောင်လာတဲ့ ညဘက်က
အမှောင်ခန်းထဲ အချုပ်ခံထားရတဲ့
လူအတွက်က တကယ့်ငရဲပင်။
အေးစိမ့်စိမ့်လေပြေလေးတစ်ချက်နှင့်
အထီးကျန်ဆန်တဲ့ အခန်းတစ်ခုတို့ရဲ့
ပုံစံက အသည်းမာသူတောင်
ကြောက်ရလိမ့်မည်။

တချက်ချက် အနည်းငယ်ဟနေတဲ့ တိုက်ပေါ်က ပြတင်းပေါက်ငယ်ကနေ တိုးဝင်လာတဲ့
လေညှင်းလေးတွေက အခန်းထဲရှိနေသူအတွက် တစ္ဆေသရဲတစ်ကောင်ကောင်
ကိုယ့်အနောက်ကနေကာ ကိုယ့်နားရွက်ထဲ
တီးတိုးစကားပြောနေသလို ခံစားရစေသည်။
အချို့အချိန် ကြောက်မိလို့ တစ်ချက်ချက်
တုန်မိသွားတဲ့ ကိုယ်တွေကလည်း
ခြင်များစွာရဲ့ ကိုက်ခြင်းခံထားရသဖြင့်
ယားယံနာကျင်နေရသည်။

တစ်သက်နှင့်တစ်ကိုယ် သူဋ္ဌေးသမီးတစ်ယောက်လို ဟန်ပြနေထိုင်ခဲ့တဲ့
မေရဏီပန်က ဒီလိုမျိုး အခန်းထဲနေရဖို့
သူမကိုယ်တိုင်သာ ရွေးချယ်ထားတဲ့လမ်းဖြစ်သည်။ တကယ်လို့ နှောင်းခေတ်အကြောင်းကိုသာ ဦးနှိုင်းယံကို မပြောပြခဲ့ရင် မပြခဲ့ရင် သူမ ဒီလိုမျိုး နေရမည်မဟုတ်ပေ။

တွေးလေလေ ဒေါသမီးစတွေ ပြင်းလာလေလေဘဲမလို့ သူမမှာ ဘာမှလုပ်စရာမလိုပေ
တစ်ကိုယ်လုံး မီးကင်ခံထားရသလိုမျိုး
ကိုယ်တွင်းကနေ အပြင်ထိ ပူလောင်နေရသည်။

"အား....ခွေးကောင်..
ကောင်ကျိုး မပေးတဲ့..ဖာမျိုး....
နင့်ကြောင့် ငါဒီလိုဖြစ်သွားရတာ...
နင့်ကြောင့်....''

မေရဏီပန်တစ်ယောက် စိတ်ရှိသလို
ဒေါသမီးတွေ ငြိမ်းချဖို့အရေး
အရူးတစ်ယောက်လို အော်ဟစ်နေသည်။

"နင်..မဟုတ်ရင် ငါဘဲ သေရမယ်...
ငါတို့နှစ်ယောက် တစ်လေထဲရှူ တစ်ရေထဲသောက်ဖို့ အဲ့လောက်ထိ နင့်ကို
ငါအမြင်ကြည်နေတာမဟုတ်...ခွေးကောင်...''

အမှောင်ထုဖုံးလွှမ်းနေတဲ့ အခန်းထဲ
ချုပ်ခံထားရတဲ့မေရဏီပန်တစ်ယောက်
ဘာကိုမှမမြင်ဘဲ စမ်းတဝါးဝါးနဲ့
အခန်းအတွင်းက ပစ္စည်းတွေကို
စမ်းကိုင်ကာ ပေါက်ကွဲဖို့အတွက်
အသုံးချလေသည်။
တဗြုန်းဗြုန်း တဖန်းဖန်းနှင့် အခန်းထဲ
အလှပြင်ထားပုံရတဲ့ ပန်းအိုးတွေကို
မေရဏီပန်က မှောက်ချ တွန်းချနေသည်။

𝚁𝚎𝚊𝚍𝚢 𝚝𝚘 𝚋𝚎 𝚖𝚒𝚗𝚎 (𝚘𝚛) 𝙽𝚘𝚝 { 𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙 }Where stories live. Discover now