Chapter-33 ( U + Z )

2.8K 84 18
                                    


Unicode

"ခင်ဗျာလိုလူကို..ကျုပ်က ကြောက်နေတာများထင်လို့လား!!!

ခေတ်လိုက်မှာ အရှိန်ဖြင့် အားပြင်းပြင်းနှင့် ထိုဘဲကြီးရဲ့ မျက်နှာကို အကြိမ်ကြိမ်ထိုးချနေတော့သည်။ ဦးမင်းနှောင်း ရုတ်တရက်ဖြစ်သွားတာကြောင့် တားဆီးဖို့လည်း နောက်ကျသွားခဲ့ရသည်။

ထိုထက် ခုတင်ပေါ်တွင် လှဲနေသော မိမိရဲ့ သားကိုကြည့်လိုက်သည်။ ဘေးက ပစ္စည်းတွေကို ကြည့်လိုက်တော့ အထိုးခံနေရတဲ့ကောင်လေးက မိမိရဲ့သားကို ဘယ်လိုလုပ်ချင်နေမှန်း သဘောပေါက်သွားတော့သည်။

ထိုအချိန် နှောင်းခေတ်ရဲ့ ဆန္ဒတွေကြောင့် အခုထိ အထိအတွေ့တွေ မထိရသေးတာကြောင့် အားပြုကာ ခေါင်းထောင်ကြည့်လိုက်သည်။ မြင်လိုက်ရတဲ့လူကြောင့် နှောင်းခေတ်ရဲ့ အသွေးအသားထဲ လိုအင်ဆန္ဒတွေ အမြင့်ဆုံးအခြေအနေသို့ ဦးတည်လာတော့သည်။

"ခေတ်..ခေတ်လိုက်...''

ဦးမင်းနှောင်းလည်း တစ်ဖက်သတ်ခံနေရတဲ့ ကောင်လေးကို သမက်လောင်းက လက်လွန်မိမှာဆိုးတာကြောင့် တားလိုက်သည်။

"သား..သားတော်သင့်ပြီးလို့ ဦးလေးထင်တယ်..တော်ကြာ သားလက်လွန်နေအုံးမှာ..
ရပြီး.. ဒီလောက်...''

ဦးမင်းနှောင်း တားနေပေမဲ့လည်း ခေတ်လိုက်မှာ ရပ်ပေးချင်သည့်ပုံမပေါ်ပေ။ ဒါပေမဲ့ နောက်ဆုံး တစ်ခေါက်အနေနဲ့ ထိုဘဲကြီးကို နှာခေါင်းတည့်တည့်တွင် ထိုးထည့်လိုက်တာကြောင့် တစ်ခါတည်း သတိလစ်သွားတော့သည်။ ခေတ်လိုက်ရဲ့ ထိုးချက်က ဘုန်းခန့်ရှိန်ရဲ့ နှာရိုးတွေကို ကြေမွသွားသည်အထိ သိပ်ကိုမှ အားပြင်းလွန်းလှသည်။

"လုပ်ချင်အုံး..နောက်ခါ...''

ခုတင်ပေါ်ရှိနေတဲ့ လူကို ခေတ်လိုက်ကြည့်လိုက်တော့ မွေ့ယာခင်းကို လက်ဖြင့် ဆုပ်ကာ စိတ်ကို နောပ်ထပ်တစ်ခါ ပြန်ထိန်းချုပ်ထားပုံရသည်။ သူ့ကိုလည်း မကြည့်ဘဲ မျက်လွှာချထားကာ အဝတ်မဲ့နေသော ကိုယ်အပေါ်မှာလည်း စောင်တစ်ထည်ကသာ ကာပေးထားသည်။

ဦးမင်းနှောင်းလည်း မိမိရဲ့သား နေရခက်နေပုံကို မြင်ရတော့ ဘေးပတ်လည်နေရာတွေကို လိုက်ကြည့်လိုက်သည်။ ထိုအခါ မြင်လိုက်ရတာက ဆေးပြားနှင့် ဆေးအမှုန့်တွေ ဘေးက ခုံပေါ်တွင် တင်ထားသည်။ ပြီးတော့ အခု မိမိသားက ဆေးထိထားလို့ စိတ်ထိန်းချုပ်ထားရမှန်း နားလည်တာကြောင့် သူကဘဲ အလိုက်တသိ ပြောလိုက်လေသည်။

𝚁𝚎𝚊𝚍𝚢 𝚝𝚘 𝚋𝚎 𝚖𝚒𝚗𝚎 (𝚘𝚛) 𝙽𝚘𝚝 { 𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙 }Where stories live. Discover now