Unicodeနှောင်းခေတ်မှာ အခန်းထဲကနေ လုံးဝမထွက်ရဲ။ အိပ်ယာပေါ်မှာ လှဲနေကာ ထိုကောင်လေးအကြောင်းကို တွေးရင်းဖြင့် စိတ်မချမ်းသာသလို ခံစားနေရသည်။
နှောင်းခေတ်ဘဝမှာ သူ့အလိုတူ မပါဘဲ အ ရယူတတ်တဲ့ လူဟာ ထိုကောင်လေးတစ်ယောက်တည်းသာ ရှိသည်။ ထိုကောင်လေးက သူ့ကို စတွေ့ကတည်းက အမြင်မကြည်တာလား။ ဒါမှမဟုတ် သမင်သက်သက် ယုတ်မာပြီး အနိုင်ကျင့်ချင်လို့လားဆိုတာ နှောင်းခေတ်လည်း အတိအကျမသိ။
ပြီးရင် ထိုကောင်လေးနှင့် မဆုံမိအောင် နှောင်းခေတ်ရှောင်ရအုံးမယ် ဖြစ်သည်။ သူ့နှင့်သာ ဆုံခဲ့ရင် နှောင်းခေတ်ကို ရန်စပြီး အနိုင်ယူနေအုံးမယ်ဖြစ်သည်။
"ဟူး..ဒီကောင်တော့ ရှုပ်တာဘဲ..''
နှောင်းခေတ် စိတ်ညစ်စွာဖြင့် ခေါင်းကို ခါယမ်းလိုက်ကာ ထိုကောင်လေးအကြောင်းကို ခေါင်းထဲကနေ ထုတ်လိုက်သည်။
ညက နှောင်းခေတ် အိပ်မပျော်ခဲ့တာကြောင့် ဒီည နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့လိုသည်။
ထို့ကြောင့် ကိုယ်ပိုက်ဆံပေးနေရသည့် အပျော်လူကို ဖုန်းခေါ်လိုက်သည်။ ထိုလူဟာ
အရင်က နှောင်းခေတ် အရမ်းချစ်ရတဲ့ ချစ်သူပေါ့။ အခုတော့ ခွေးလောက်တောင် သစ္စာမရှိတော့ဘဲ ဖောက်ပြန်သွားတဲ့ လူကို နှောင်းခေတ် အပျော်ကစားစရာဖြင့် သတ်မှတ်လိုက်သည်။"ဟယ်လို..နှောင်းလေး..''
ကိုဘုန်းရဲ့ ခေါ်လိုက်တဲ့ နာမ်စားကြောင့် နှောင်းခေတ် ဟွန့် သံပြုပြီး မဲ့ပြုံးဖြင့် တစ်ဖက်မှာ ထိုင်ပြုံးနေသည်။
"အဲ့လိုမရဘူး..အခု က နှောင်းကို နှောင်းနာမည်အရင်း ခေါ်ပေးရမယ်..''
"ဘာလို့လဲ..''
ကိုဘုန်းဘက်က မကြိုက်သော လေသံဖြင့် မေးလာသည်။
"ကိုယ့်ကို ပိုက်ဆံပေးပြီး အိပ်မည့်လူကို ရင်းရင်းနှီးနှီး ခေါ်လို့မရဘူးလေ..လမ်းခွဲသွားတဲ့ နေ့ကတည်းက သူစိမ်းတွေ ဖြစ်သွားကြပြီးလေ ဘဲကြီးဘုန်းခန့်ရှိန်..''
"ဒါဆို ဘယ်လို ခေါ်ပေးရမလဲ..''
"သခင်လေး နှောင်းခေတ်မဟာဆန်..''
YOU ARE READING
𝚁𝚎𝚊𝚍𝚢 𝚝𝚘 𝚋𝚎 𝚖𝚒𝚗𝚎 (𝚘𝚛) 𝙽𝚘𝚝 { 𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙 }
Romantik𝗪𝗮𝗿𝗻𝗶𝗻𝗴 [𝟭𝟴+] 𝗣𝗼𝘀𝘀𝗲𝘀𝘀𝗶𝘃𝗲 𝗧𝘆𝗽𝗲 𝗳𝗶𝗰🚨 ခေတ်လိုက်မင်းမူ+နှောင်းခေတ်မဟာဆန်