About the Cover

1.3K 24 6
                                    


U/Z

ဒီစာကို အဆုံးထိ ဖတ်ပေးပါ။

ကိုယ်ပြောချင်တဲ့အကြောင်းက Fic coverအကြောင်းပါရှင့်။ ဘာလို့ဆိုရင်
ကိုယ်ရဲ့Fic coverကို ပြောင်းတော့မှာမလို့
အချစ်လေးတို့ မမှတ်မိဘဲ နေမှာဆိုးလို့ပါ။

ကိုယ်တို့လို ခုမှစရေးတဲ့ သူတွေအတွက်က
ကိုယ့်ရဲ့Fic coverကို အများအားဖြင့်တော့
Pinterest ကနေဘဲ ကိုယ်ကြိုက်ရာ ပုံတစ်ခု၊
Ficနဲ့လိုက်ဖက်မယ့် ပုံကို ရွေးကြမှာဘဲလေနော်။ အဲ့ဒါကို တစ်ယောက်က ကိုယ့် Wp massageမှာ လာပြောထားတာ ဘယ်လိုပြောထားလဲဆိုရင် ဘာလို့ Coverက သူဖတ်နေသည့် Ficရဲ့ Coverနဲ့ သွားတူနေရတာလဲပေါ့။

နာမည်ရချင်တိုင်း သူများဟာကို လိုက်မတုနေနှင့်ဘဲ အခြားဟာကို ပြောင်းထည့်လိုက်ပါတဲ့။ ကိုယ်ကလည်း တကယ်တူနေမလားဆိုပြီး ဝင်ကြည့်တော့ တကယ်တူနေခဲ့တာပါ။
ဒါပေမဲ့ ကိုယ်မှမသိဘဲကိုကွယ်။ကိုယ်ကဘာမှ ဆက်မပြောပါဘူး။ တမင်သက်က် Coverကို အကြောင်းပြုပြီး ပွဲရှာရင်လည်း တော်ပါလို့ ကိုယ် ပြောပြပေးလိုက်မယ်။ ကိုယ်က အခုမှ စာစရေးတဲ့လူတစ်ယောက်အနေနှင့်တော့ ပြဿနာတွေ မဖြစ်ချင်ဘူး။

ကိုယ်ဖန်တီးချင်တဲ့အရာကို ကိုယ်အေးအေးဆေးဆေးဘဲ ဖန်တီးသွားချင်တာ။
အဲ့လိုကြောင့်မို့ ဘာပြဿနာ၊ ဘာတစ်စုံတစရာကိုမှ ကိုယ်အထိမခံနိုင်ပါဘူး။
အဲ့ကြောင့် ဒီနေ့က ကိုယ်ရသလောက် ကြိုးစားပြီး ဆွဲထားတဲ့ Fic Coverကို
ပြောင်းတော့မှာ ဖြစ်တဲ့အတွက်
ချစ်ပေးနေတဲ့လူတွေ မမေ့သွားစေဖို့ လာအသိပေးတာလည်း ဖြစ်ပါတယ်ရှင့်။

နောက်တစ်ခု ပြောစရာက FBပေါ်မှာ သူတို့ရေးတဲ့ Ficအတွက်ဆိုပြီး နာမည်မပေးတတ်လို့ gpထဲက လူတွေကို ပေးခိုင်းတာ။
အဲ့ဒါကို ပေးခိုင်းတဲ့လူက ပြဿနာမဟုတ်ပေမဲ့ ပေးတဲ့လူတွေက တမင်တကာ Fic နှစ်ခုက ဇာတ်ကောင်နာမည်တွေ တူအောင် ပေးနေမလားလို့ဘဲ ကိုယ်ထင်မိတယ်။ ဘာလို့ဆို
တစ်လုံးစ နှစ်လုံးစ အဖျားစွတ်သို့ တူတာလောက်က ဘာမှမဟုတ်ပေမဲ့ တစ်ချို့ကကျ
တစ်ခြားFicက ဇာတ်ကောင်လုံးလုံးနာမည်ကို သွားပေးကြတာ။

အဲ့ထဲမှာမှ ကိုယ်ရေးတဲ့
နှောင်းခေတ်မဟာဆန် ဆိုတဲ့နာမည်။
နှောင်းတို့လောက်က Ficအများမှာ တွေ့ရမှာပါ။ အဲ့တာတွေက နာမည်ရဲ့ အဖျားစွတ်ခေါ်တာလေ။ အခုကျတော့ ပေးတဲ့လူတွေက အဲ့လိုမဟုတ်ဘဲ နှောင်းခေတ်မဟာဆန် ဆိုရင်
နှောင်းခေတ်မဟာ သွားပေးတော့ ခိုးတယ်။
တူတယ်ဆိုတဲ့ ပြဿနာတွေ ဖြစ်ရတာပေါ့။

𝚁𝚎𝚊𝚍𝚢 𝚝𝚘 𝚋𝚎 𝚖𝚒𝚗𝚎 (𝚘𝚛) 𝙽𝚘𝚝 { 𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙 }Where stories live. Discover now