Unicodeထိုလူသားက ငိုလို့ဝလို့ ပင်ပန်းသွားသည်ထင်တယ်။ အခုတော့ ခေတ်လိုက်ရဲ့ ရင်ထဲတွင်သာ အိပ်ပျော်သွားနေပြီးဖြစ်သည်။ ခေတ်လိုက် ထိုအိပ်ပျော်နေသော လူသားလေးကို ရင်ခွင်ထဲကနေ ဆွဲထုတ်ကာ သက်တောင့်သက်သာ ဖြစ်အောင် နူးအိနေသော မွေ့ယာပေါ်တွင် အိပ်စေလိုက်သည်။ စောင်ကိုလည်း တစ်ဝက်ခြုံပေးလိုက်သည်။ အိပ်ပျော်နေတဲ့ သူရဲ့အချစ်လေးက ဘာကိုအလိုမကျဖြစ်နေတာမှန်းမသိ နှုတ်ခမ်းကို ဆူထားလျှက်သာ။ ထိုကဲ့သို့ အခြေအနေကို မြင်နေရတဲ့ ခေတ်လိုက်ကဘဲ မနေနိုင်စွာ မိမိရဲ့ တာဝန်ကိုကျေပွန်သွားအောင် နမ်းပေးလိုက်လေသည်။
"ပြွတ်!!!
"ခင်ဗျာက အငိုလည်းသန်တာဘဲ..ဘယ်လိုဟာမှန်းမသိဘူး...''
ခေတ်လိုက်မှာ အိပ်နေတော့ ထိုလူသားလေးကို ကြည့်မဝဖြစ်နေသည်။ ဒီလောက်တောင် လှရက်နိုင်သည့် ထိုလူသားလေးကို ပိုင်ဆိုင်ရပြီး တန်ဖိုးမထားတဲ့လူက အရူးဖြစ်မည်လို့ ခေတ်လိုက်ထင်၏။
သူကလည်း အချစ်တွေ တန်ဖိုးတွေအကြောင်း သိပ်နားမလည်ပေမဲ့ ထိုလူသားကိုမှ အပိုင်ရသွားခဲ့လျှင် ထိုလူသားရဲ့အလိုကျ ခေတ်လိုက်နေပေးမှာဖြစ်သည်။
ဒါပေမဲ့ ဒီနေ့က သူ စီစဥ်ထားသလိုဘဲ ဆက်လုပ်ရန် ခေတ်လိုက် ဆုံးဖြတ်လိုက်သည်။အိပ်ပျော်နေသော လူသားလေးကို သူခဏထားခဲ့ပြီး အောက်ထပ်ကို ဆင်းလာခဲ့သည်။
အခုမှ ရှစ်နာရီဘဲ ရှိသေးတာကြောင့် ဦးမင်းနှောင်း အလုပ်မသွားရသေးဘူးဆိုတာ ခေတ်လိုက်သိသည်။ အဲ့ကြောင့် ခေတ်လိုက်မှာ ဦးမင်းနှောင်း အထွက်လာကို ဧည့်ခန်းဆိုဖာပေါ်တွင် ထိုင်စောင့်နေလိုက်သည်။ ခဏနေတော့ ဦးမင်းနှောင်းက အလုပ်အိတ်ကို ကိုင်ထားကာ ထွက်လာတော့သည်။"ဦးလေး...''
ခေတ်လိုက် အရင်စခေါ်လိုက်တော့ ဦးမင်းနှောင်းမှာ အံ့သြသလို လှည့်ကြည့်လာသည်။
"ဟေ..အစောကြီး ရောက်လာပါလား..သား..''
"ဟုတ်တယ်ဗျာ..ဦးလေးနှင့် ပြောစရာရှိလို့..''
ထိုကောင်လေး အဲ့လိုပြောလာတော့ ဦးမင်းနှောင်း ခေါင်းငြိမ့်ပြပေးသည်။
YOU ARE READING
𝚁𝚎𝚊𝚍𝚢 𝚝𝚘 𝚋𝚎 𝚖𝚒𝚗𝚎 (𝚘𝚛) 𝙽𝚘𝚝 { 𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙 }
Romantik𝗪𝗮𝗿𝗻𝗶𝗻𝗴 [𝟭𝟴+] 𝗣𝗼𝘀𝘀𝗲𝘀𝘀𝗶𝘃𝗲 𝗧𝘆𝗽𝗲 𝗳𝗶𝗰🚨 ခေတ်လိုက်မင်းမူ+နှောင်းခေတ်မဟာဆန်