Unicode
ကိုယ်ပထမဆုံးပြောချင်တာတစ်ခုက
နောက်လာမည့်အပိုင်းထဲမှာ နှောင်းခေတ်ရဲ့
ရောဂါအကြောင်း၊ သူက ဘာဖြစ်လို့
အတွေးလွန်ပြီး တော်ရုံအိပ်မပျော်တဲ့ရောဂါ
ဖြစ်လာတာလဲ။ ပြီးတော့ အဲ့အတွေးလွန်နေခြင်းကရော နှောင်းခေတ်ရဲ့ အတိတ်က အဖြစ်အပျက်တွေကို ဘယ်လို တိုက်ဖျက်နိုင်တာလဲ။ အဲ့လို အခြေအနေတွေကြောင့်
နှောင်းခေတ်က အဲ့ရောဂါမစခင် နာရီပိုင်းအလိုမှာ ဘယ်လိုခံစားစေရတာလဲ။
စတဲ့ အကြောင်းတွေကို တစ်ခုပြီးတစ်ခု
ရှင်းထုတ်ပေးသွားပါမယ်။
နောက်တစ်ခုက ေခတ်လိုက်အမေနဲ့ နှောင်းခေတ်တို့အမေရဲ့ ကိစ္စကို ကိုယ်တမင်ချန်ချခဲ့တာက သူတို့ဇာတ်လမ်းတွေ ဖန်တီးဖို့ ရှိနေလို့ပါရှင့်။ သူတို့က ဘယ်လိုမျိုးတွေ ဆုံခဲ့ကြရတာလဲ။ ဘာလို့ ခေတ်လိုက်အမေက သူမရဲ့သားကို နှောင်းခေတ်နှင့် သဘောတူနေမိတာလဲ စတဲ့ အကြောင်းတွေကို ဒီFicမှာ ကိုယ်ဆက်ရေးလိုက်ရင် အပိုင်းတွေ တအားများသွားမှာ၊ အဲ့ကြောင့် ကိုယ်က
သူတို့အကြောင်းကို အနည်းကျဥ်းဘဲ ဒီမှာ ရေးထည့်ထားရတယ်ရှင့်။
နှောင်းခေတ် ရောဂါအကြောင်းတွေ ရှင်းပြီးရင် မေရဏီပန် ၊ဦးနှိုင်းယံ နှင့် ဘုန်းခန့်ရှိန်တို့ ဘယ်လို ပါဝင်ပတ်သက်လာအုံးမလဲဆိုတာ
နောက်ထပ်လာအုံးမှာမလို့ စိတ်တော့နည်းနည်း ရှည်ရပါမယ်ရှင့်။
နှောင်းခေတ် ရောဂါနှင့် လုပ်နေတဲ့ အကျင့်ဆိုးတွေကို ခေတ်လိုက်က သိသွားရင်
ဘယ်လိုမျိုးနဲ့ နှောင်းခေတ်ရဲ့ အကျင့်ဆိုးတွေကို ပြုပြင်ပေးပြီး လုပ်ခိုင်းအုံးမလဲဆိုတာကိုတော့ နောက်အပိုင်းကျရင် လာအုံးမှာ။
ကိုယ်ဒီလို ရှင်းပြပေးရတာက ကိုယ့်ရဲ့ ဇာတ်လမ်းအတက်ကျ အချိုးအကွေ့လုပ်တဲ့နေရာကို နားမလည်ဘဲ ပေါ့သွားသလို
ဖတ်ရတာဖြစ်မှာဆိုးလို့ ဒီလိုလေး အရင်ပြောရတယ်ရှင့်။ ကိုယ်ရေးနေတဲ့ ပုံစံက စာဖတ်သူတို့ ဖတ်ဖူးချင်မှ ဖတ်ဖူးမှာပါ။ စာဖတ်သူတို့ ဖတ်နေကျ Ficတွေနဲ့ ဇာတ်လမ်းအချိုးအကွေ့ လုပ်တဲ့နေရာမှာ မတူလို့ ပေါ့တယ်လို့
ခံစားမမိစေဖို့ပါရှင့်။
YOU ARE READING
𝚁𝚎𝚊𝚍𝚢 𝚝𝚘 𝚋𝚎 𝚖𝚒𝚗𝚎 (𝚘𝚛) 𝙽𝚘𝚝 { 𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙 }
Любовные романы𝗪𝗮𝗿𝗻𝗶𝗻𝗴 [𝟭𝟴+] 𝗣𝗼𝘀𝘀𝗲𝘀𝘀𝗶𝘃𝗲 𝗧𝘆𝗽𝗲 𝗳𝗶𝗰🚨 ခေတ်လိုက်မင်းမူ+နှောင်းခေတ်မဟာဆန်
