Chapter-5( U + Z)

6.9K 127 14
                                    


Unicode

ကိုဘုန်းနှင့်အတူ ရေကစားပြီးတော့ နှောင်းခေတ်တို့ မနက်စာကို တစ်နေနေရာမှာ သွားစားဖို့ စီစဥ်နေကြသည်။

အင်းကျီအပို မယူလာခဲ့သော နှောင်းခေတ်က
ညက ဝတ်လာခဲ့တဲ့ မပေါ်တပေါ် ပေါင်လယ်လောက်သာ ရှိတဲ့ အင်းကျီအဖြူရောင် လွလွကိုဘဲ ပြန်ဝတ်လိုက်သည်။

နှောင်းခေတ်ပြင်ဆင်ပြီးတော့ အောက်ထပ်ကို ကိုဘုန်းထက် အရင်ဆင်းသွားသည်။ ကိုဘုန်းက ယူစရာရှိတယ်လို့ပြောပြီး နှောင်းခေတ်ကို အရင်ပေးဆင်းခိုင်းနေခဲ့သည်။ နှောင်းခေတ်လည်း ကိုဘုန်းပြောသလိုဘဲ ကားပါကင်မှာ စောင့်နေရန်သာ ဆုံးဖြတ်လိုက်သည်။

ပြီးတော့ နှောင်းခေတ်အင်းကျီကလည်း လူတွေ မြင်လို့မသင့်တော်တဲ့ပုံစံ ဖြစ်နေတာကြောင့်လည်းပါသည်။ မနေ့ညက ညအချိန်ဖြစ်နေသဖြင့် လူတွေ သတိသိပ်မထားမိကြသလို ဒီHotelကိုလည်း ည ခုနှစ်နာရီလောက်မှ ရောက်လာခဲ့တာကြောင့် ဖြစ်သည်။

အခု ကိုဘုန်းက နှောင်းခေတ်ကို သူများကြည့်လာမှာ မလိုလားတဲ့ပုံစံ သဝန်တိုနေတဲ့ပုံစံလေးဖြင့် သိပ်ကိုမှ ချစ်ဖို့ကောင်းလွန်းပါသည်. ဒီလို ရင့်ကျက်တဲ့လူကြီးမျိုး အပိုင်စားရထားတဲ့ နှောင်းခေတ်က ဘုရင်လေးတစ်ပါးအတိုင်းပင်။ ဒီဆက်ဆံရေးမှာ သူ့ထက် ကိုဘုန်းက ပိုချစ်နေတယ်ဆိုတာ အသိသာကြီး ဖြစ်သည်။

"သဝန်တိုတဲ့ပုံစံကလည်း ချစ်စရာကြီး..''

ကိုဘုန်းအကြောင်းကို တစ်ယောက်တည်းတွေးရင်း နှောင်းခေတ် ရေရွှတ်ပြီး ပြောနေမိသည်။ ကားပါကင်နေရာကို ရောက်တဲ့အချိန် ကိုဘုန်းကားအနားမှာဘဲ နှောင်းခေတ် ရပ်စောင့်နေသည်။

ထိုအခါ တစ်ဖက်ကားမှ ဆင်းလာတဲ့သူကို တွေ့တော့ နှောင်းခေတ် မျက်မှောင်ကြုတ်လိုက်မိလေသည်။ ထိုလူက ခေတ်လိုက်မင်းမူ ဆိုတဲ့လူ လူကလည်း နာမည်နှင့်လိုက်အောင်ပင် ပြောရရင် ဂုဏ်အရှိန် ကြီးမားနေသလိုမျိုး အခုချိန် နှောင်းခေတ်ကို ဝါးစားမတတ် စိုက်ကြည့်နေတာကြောင့် ဘယ်သူ့ကိုမှ ဂရုမစိုက်တတ်တဲ့ နှောင်းခေတ်ကဘဲ အရင်ပြောလိုက်သည်။

𝚁𝚎𝚊𝚍𝚢 𝚝𝚘 𝚋𝚎 𝚖𝚒𝚗𝚎 (𝚘𝚛) 𝙽𝚘𝚝 { 𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙 }Where stories live. Discover now