Chapter-46 ( U + Z )

1.8K 47 11
                                    


Unicode

အေးစိမ့်စိမ့်မနက်ခင်းဘက် နေရောင်ခြည်တွေ စထွက်တဲ့အချိန် နှောင်းခေတ်တို့
အိပ်နေတဲ့အခန်းကလည်း အလင်းရောင်အနည်းငယ်ဝင်လာတာကြောင့်
စောစော အိပ်ထားတဲ့ နှောင်းခေတ်မှာ
နှိုးထလိုက်ရတော့သည်။
မောင် မသိအောင် ထရမယ်ဆိုတဲ့အတွေးနှင့်အတူ နှောင်းခေတ် ဖြည်းဖြည်းချင်း ခုတက်ပေါ်ကနေ ဆင်းသွားသည်။

ရေမိုးချိုး မျက်နှာအရင်သစ်ပြီးတော့
အိမ်အောက်ထပ်ကို တစ်ယောက်ထဲ ဆင်းလာခဲ့သည်။ အောက်ထပ်ရောက်တဲ့အချိန်
ထူးခြားစွာ ပြောင်းလဲနေတဲ့ အိမ်အပြင်ပတ်ဝန်းကျင်ကြောင့် သူ့မှာ ခြံထဲ ပြေးဆင်းကြည့်လိုက်ရသည်။

"ဝိုး...ပန်းလေးတွေလှတာဘဲ...''

နှောင်းခေတ်က ဒေါ်မေဇာဇာဝင်းလိုပင် ပန်းပင် သစ်ပင်များနှင့် အုံဆိုင်းနေတဲ့ ခြံအကျယ်ကြီးကို အရမ်းကြိုက်တယ်။
ပြီးတော့ ထိုပန်းပင်တွေအနား ဒန်းတစ်ခုထား
ထားသည်ကိုလည်း နှောင်းခေတ်ရဲ့ အကြိုက်တွေထဲကတစ်ခုပင်။ အခုတော့ သူတောင်
ပြောစရာမလိုဘဲ မောင်က အကုန်လုံး
စီစဥ်ပေးထားနေပြီးဖြစ်သည်။

"ကျေးဇူးပါ...မောင်ရယ်''

နှောင်းခေတ်က ခေတ်လိုက်အရှေ့
ကျေးဇူးတင်တယ်လို့ ပြောရမှာကို ရှက်တာကြောင့် သူတစ်ယောက်တည်းဘဲ ပန်းပင်တွေကို ကြည့်ရင်း ပြောနေမိသည်။ တစ်ကယ်လို့ သူပြောခဲ့ရင် မောင်က သူချစ်နေကြောင်း
သိသွားမယ် ဆိုတဲ့ စိုးရိမ်နေမိတဲ့ စိတ်ဖြင့်
မပြောရဲတာလည်းဖြစ်သည်။

သူတစ်ကယ်ချစ်သွားတဲ့အချိန်မှ
ကိုဘုန်းလိုမျိုး ခေတ်လိုက်ကများ သစ္စာဖောက်သွားခဲ့ရင်။

"ဟူး...မောင်က ငါ့အပေါ် အဲ့လိုလုပ်မှာမဟုတ်ဘူးထင်တယ်....''

သက်ပြင်းအရှည်ကြီးကို ချနေမိကာ ဒန်းလေးအပေါ် ထိုင်ချလိုက်ပြီး ခြံတစ်ခုလုံးက ပန်းအင်မျိုးစိတ်ပေါင်းများစွာကို ကြည့်ရင်း ပြုံးကာ
ခေတ်လိုက်ကို နှောင်းခေတ်က ရင်ထဲကနေ
အမှတ်တွေပေး ချီးကျူးပြီး အချစ်တွေ ပိုနေရတော့သည်။

နှောင်းခေတ် ဘဝမှာဆိုရင် သူလိုချင်တာကို
တန်းသိပြီး အရိပ်ပြတာနှင့် အကောင်မြင်တတ်တဲ့ လူကိုမှ သူကြိုက်တယ်။ အခု
ခေတ်လိုက်လိုမျိုးပေါ့။ ဘာမှကို ပြောစရာမလိုဘဲနဲ့ အလိုက်သိစွာ အရိပ်တကြည့်ကြည့်နဲ့
ဂရုစိုက်တတ်တဲ့ လူမျိုးကိုမှ နှောင်းခေတ်
စွဲလမ်းတတ်သည်။

𝚁𝚎𝚊𝚍𝚢 𝚝𝚘 𝚋𝚎 𝚖𝚒𝚗𝚎 (𝚘𝚛) 𝙽𝚘𝚝 { 𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙 }Where stories live. Discover now