Chapter-57 ( U + Z )

906 30 0
                                    


Unicode

အခုမှာတော့ နှောင်းခေတ်မှာ ထိုကောင်လေး
ပြောသော သူတို့အိမ်ဆီကို ပြန်ကြဖို့
ပြင်ဆင်နေကြပြီးဖြစ်သည်။
နှောင်းခေတ်ရဲ့ရင်ထဲ ကြည်နူးနေသလို
ခံစားချက်နှင့် ထိုကောင်လေးခေါ်ရာနောက်
ဘယ်နေရာကိုမဆို လိုက်ရဲပြီး ထိုကောင်လေးကို အပြည့်အဝယုံကြည်နေသည့်
စိတ်တို့ကလည်း ဘယ်ကနေပေါက်ဖွားလာမှန်း သူကိုယ်တိုင်လည်း မသိပေ။

ထိုအချိန် conterမှာ ငွေသွားရှင်းနေသည့်
ထိုကောင်လေးက ပြန်​ရောက်လာတော့သည်။ ရောက်လာတာနှင့် နှောင်းခေတ်အနားကို လာပြီး ပြောသည်။

"မောင်..အချစ်လေးက အေးအေးချမ်းချမ်းလေးဘဲ....''

ထိုစကားရဲ့ ဆိုလိုရင်းက ခေတ်လိုက်မှာ သူငွေသွားရှင်းနေစဥ် နှောင်းခေတ်ကို ဘယ်လောက်တောင် စိတ်မချဖြစ်ပြီး
စိတ်ပူနေရတာလဲဆိုတာကို
ဖော်ပြနေတဲ့ စကားဖြစ်ပြီးတော့
သူ့မှာရင်တမမနဲ့ စိတ်ပူနေရပြီး သူပြန်ရောက်လာတဲ့အခါ သူ့ရဲ့အပိုင်လူသားက
ခုတင်ပေါ်မှာဘဲ အေးအေးချမ်းချမ်း ထိုင်စောင့်နေတာကိုတွေ့တော့ သူ့ရဲ့ရင်ထဲက
အပူလုံးတွေ တစ်ဝက်ကျသွားရသည်။

"လာနှောင်း...မောင်တို့ အိမ်ပြန်ကြရအောင်..''

နှောင်းခေတ်ကို ခေတ်လိုက်က တွဲပေးကာ
ကားဆီသို့ ခေါ်လာခဲ့သည်။ ခေတ်လိုက် ထိုကဲ့သို့ လုပ်ပေးပြီး ဂရုစိုက်ပေးတာကို
နှောင်းခေတ်က သဘောအရမ်းကျနေတော့သည်။ သူတို့နှစ်ယောက် ထွက်လာတာကို လူအများရဲ့ အာရုံစိုက်ခြင်းခံရတာကိုလည်း နှောင်းခေတ် ကြိုက်၏။ မကောင်းတဲ့
ဝေဖန်သံတွေကို လျစ်လျူရှူပြီး ကောင်းတဲ့
ချီးကျူးသံတွေကိုသာ နှောင်းခေတ်က
ခေါင်းထဲထား၏။

"ဘာတွေတွေးလို့ ပြုံးနေတာလေ...''

ထိုလူသားရဲ့ လှလှပပမျက်နှာပေါ်မှာ
ပန်ဆင်ထားသော ၎င်းအပြုံးက ဆွဲဆောင်မှုရှိတယ်။ ပြောရရင် ထိုကဲ့သို့ နတ်သက်ကြွေကျလာတဲ့ နတ်သားလေးအလား
လှပနေပါသော ထိုလူသားနှင့် အဲ့အပြုံးက
လိုက်ဖက်ညီလွန်း၏။ ထိုအပြုံးကို
မြင်သူတိုင်းက လွယ်လွယ်နှင့် ရုန်းထွက်လို့
မရနိုင်ဘူးဆိုတာကို ခေတ်လိုက်ယုံကြည်တယ်။ ခေတ်လိုက်ကိုယ်တိုင်ကလည်း
အရင်ချိန်မှာ ထိုလူသားရဲ့အပြုံးကို သတိမထားမိပေမဲ့ အခုချိန် ကိုယ်ရှေ့မှာ တောက်တောက်ပပပြုံးနေတဲ့ ထိုလူသားရဲ့
အပြုံးကို သူ့ရင်ထဲ အမြဲတမ်းကျန်နေအောင်
မှတ်တမ်းတင်နေတော့သည်။

𝚁𝚎𝚊𝚍𝚢 𝚝𝚘 𝚋𝚎 𝚖𝚒𝚗𝚎 (𝚘𝚛) 𝙽𝚘𝚝 { 𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙 }Where stories live. Discover now