Chapter-67 ( U + Z )

1.1K 19 2
                                    


Unicode

နှောင်းခေတ်ကို သယ်ဆောင်သွားတဲ့ကားဟာ
မြို့အပြင်က တိုက်ပျက်တွေဆီ ဦးတည်
မောင်းနှင်သွားနေတာမဟုတ်ဘဲ
မြို့အလယ်ခေါင်က ရှိနေသော
ဆောက်လုပ်ပြီးစီးဖို့ အနည်းငယ်သာ
လိုအပ်တဲ့ တိုက်တွေဆီသွားနေသည်။
အခုတော့ သူတို့သွားတဲ့နေရာကို
ဆိုက်ရောက်လာပြီး ဖြစ်တာကြောင့်
ကားကလည်း အရှိန်လျှော့ကျသွားကာ
ထိုအဆောက်အအုံ့တွေထဲ မောင်းဝင်သွားတော့သည်။

ဦးနှိုင်းယံဆိုတဲ့လူမျိုးဟာ ဘယ်သူ့ကိုမှ
မကြောက်နေဘူးဆိုပြီး သက်သေပြဖို့အတွက်
ဒီနေရာကို ရွေးချယ်ခဲ့ခြင်းသာဖြစ်သည်။
လူတွေအနှိမ်ခံရခြင်းကနေ တရှိန်ထိုး
ချမ်းသာကြွယ်ဝလာရသော
ဦးနှိုင်းယံရဲ့ နောက်ကွယ်က လုပ်ရပ်တွေကို
သိပေမဲ့ ဘယ်သူကမှ ဝင်မရှုပ်ရဲကြ။
တော်ကြာ ခေါင်းနှင့်ကိုယ် တစ်ခြားဆီဖြစ်သွားမှာ။

ကားမောင်းနေတဲ့ သူ့အစောင့်တွေကတောင်
သူတစ်ခါပြုံးရင် လန့်နေကြ။ အခုလည်း
သူကျေကျေနပ်နပ်ကြီးကို ပြုံးနေတော့
ပတ်ဝန်းကျင်တစ်ခုလုံးက ကြောက်စရာကောင်းအောင် အေးစက်သွားသလို။
နှောင်းခေတ်ကို သူပုခုံးအပေါ်မှီစေပြီး
သူကိုယ်တိုင်က နှောင်းခေတ်ရဲ့
ခါးသေးသေးလေးကို ဖက်သွယ်ထားသည်။

ဦးနှိုင်းယံရဲ့ ဘဝသက်တမ်းတစ်လျှောက်
အခုချိန်မှ မျိုးတူတစ်ယောက်နဲ့
ထိတွေ့ရတာကို ကြိုက်နေမိခြင်းဖြစ်သည်။
ဒီကောင်လေးကို မမြင်ခင် ဘယ်ယောကျာ်းသားတွေကို စိတ်ဝင်စားခဲ့တာမဟုတ်။
အထူးသဖြင့် ဒီလိုအလှလေးတွေပေါ့။

အခုတော့ သူထားရာအတိုင်း ရုပ်သေးတစ်ခုလိုရှိနေသော ထိုကောင်လေးကို
ဦးနှိုင်းယံက စိုက်ကြည့်နေသည်။
ဒါပေမဲ့ ထိုကောင်လေးရဲ့ လက်သန်းကြွယ်က
လက်စွပ်ကြောင့် ဦးနှိုင်းယံမျက်နှာက
ပြုံးစစဖြစ်နေရာကနေ တည်တင်းသွားကာ
ရန်လိုနေတဲ့မျက်နှာအမူအရာဘက်သို့
ရုတ်တရက်ပြောင်းလဲသွားတော့သည်။

"ချာတိတ်က ဆိုင်သူရှိနေပြီးဘဲ...
ဘယ်လိုဘဲ ဖြစ်ဖြစ် အခုကိုယ့်အပိုင်ဘဲ...''

နှောင်းခေတ်ရဲ့ နူးညံ့နေသော လက်တွေကို
ကိုင်နေကာ ပြီးတော့ တစ်ချက် ခပ်ပြင်းပြင်း
နမ်းလိုက်သည်။

𝚁𝚎𝚊𝚍𝚢 𝚝𝚘 𝚋𝚎 𝚖𝚒𝚗𝚎 (𝚘𝚛) 𝙽𝚘𝚝 { 𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙 }Where stories live. Discover now