Chapter-58 ( U + Z )

1K 24 2
                                    


Unicode

သေနတ်ပစ်လေ့ကျင့်တဲ့ ကွင်းပြင်သို့
ရောက်တဲ့အခါမှာ ထက်သွန် ဦးစွာပြောလာသည်။

"ငါတို့ အရင်စပစ်မှာ..နောက်ဆုံးအလှည့်မှ မင်းပစ်ကွာ..ဟုတ်ပြီးလား ခေတ်လိုက်..
ဒီထဲမှာ ပစ်မှတ်ကို ပစ်တာ မထိရင် တစ်ဝိုင်းလောက်တော့ လုပ်ရမှာပေးနော်...ဘယ်လိုလဲ
သဘောတူတယ်မလား...''

ထက်သွန် အဲ့လိုမေးလိုက်တော့ ကျန်တဲ့လူတွေက ကိုယ်စီ ခေါင်းငြိမ့်လို့ ထက်သွန်
အပြောကို သဘောတူကြသည်။ ပစ်မှတ်ကို ပစ်တာ မထိရင်လည်း တစ်ဝိုင်းလောက်တော့
အေးဆေးကျွေးနိုင်တဲ့ သူတို့အဖွဲ့ထဲက လူတွေအားလုံးမှာ ဒီလိုမျိုး တစ်ယောက်နှင့် တစ်ယောက် ယှဥ်ပြိုင်ရတဲ့ခေါင်းစဥ်အောက်မှာ သူငယ်ချင်းမလို့ အားနာလို့ အရှုံးပေးလိုက်ရတယ် ဆိုသည့် စကားကို မပြောဘဲ
တကယ့်ယှဥ်ပြိုင်နေတဲ့ ပြိုင်ဖက်တွေလိုမျိုး
ကိုယ့်အနိုင်ရဖို့အတွက် ယှဥ်ပြိုင်ကြသည်။

အဲ့လိုမျိုးကြောင့်ဘဲ သူတို့အဖွဲ့ထဲမှာ
ဘယ်သူက တော်တယ် ဘယ်သူက မတော်တယ်ဆိုတာက ယှဥ်ပြိုင်မှုကသာ
ဆုံးဖြတ်ပေးမှာဖြစ်သည်။ ဒီအတိုင်းဘဲ
သူတို့အဖွဲ့ထဲက အတော်ဆုံးလူတစ်ယောက် ရွေးရမယ်ဆို ရွေးလို့ထွက်မှာမဟုတ်ပေ။
ပုံစံအမျိုးမျိုးနှင့် အရည်အချင်းကိုယ်စီ
ရှိကြသည့် ခပ်ချောချော ကောင်လေးငါးယောက် ဖွဲ့စည်းထားသည့်အဖွဲ့မလို့
မြင်သူတိုင်းက အံ့သြမှင်သက်ပြီး
မချီးကျူးဘဲ မနေနိုင်သည့်အထိကို
သူတို့ရဲ့ စွမ်းရည်တွေက အထင်ကြီးစရာ
ကောင်းလှသည်။ တကယ့်လူကြီးတွေလို
အလွန်ရင့်ကျက်တဲ့ သူတို့တွေရဲ့ အသက်ကိုသာ မမေးမိရင် အသက်အလယ်ပိုင်း
အမျိုးသားတွေလိုဘဲ ထင်မိမှာဖြစ်သည်။

"ကဲ..စလိုက်ကြရအောင်...
ဘယ်သူအရင်စမလဲ...''

ထက်သွန် အဲ့လိုဆက်မေးတော့
မင်းနိုင်ကပြောလာသည်။

"ငါဘဲ..အရည်ချင်း အရင်ပြမယ်ကွာ..
သေနတ်မကိုင်ရတာကြာလို့...အခုလို
တကယ့်ကောင်တွေနဲ့ ယှည်ပြိုင်ရတဲ့အခါ..
ငါအရမ်းစိတ်လှုပ်ရှားတာဘဲ..ဟဲဟဲ....''

တကယ့်ကိုမှ စိတ်လှုပ်ရှားနေပုံရသည့်
မင်းနိုင်က အဲ့လိုပြောပြီး သူ့ပစ်မှတ်ကို ချိန်သွယ်လိုက်သည်။

𝚁𝚎𝚊𝚍𝚢 𝚝𝚘 𝚋𝚎 𝚖𝚒𝚗𝚎 (𝚘𝚛) 𝙽𝚘𝚝 { 𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙 }Where stories live. Discover now