Unicodeကိုယ့်အပေါ် အုပ်မိုးကာ အကြမ်းပတမ်း နမ်းနေတဲ့ ထိုကောင်လေးကြောင့် နှောင်းခေတ် အသက်ရှုရကြပ်စေသည်။ ဒီတစ်ခါ အနမ်းကလည်း အရင်လို သူတို့နှစ်ယောက် ဖြစ်နေကြသလို အမြင်းစောင်းခြင်း၊ မဟုတ်မခံတဲ့ မာနတွေ အထင်းသား ပျော်ဝင်နေတဲ့ ပုံစံမျိုးကြောင့် နူးညံချင်းမရှိ ကြမ်းသထက် ကြမ်းလာတော့သည်။
ထိုကဲ့သို့ နူးညံမှုမရှိတဲ့အနမ်းကို ငြင်းဆန်သလိုဖြင့် နှောင်းခေတ်မှာ ကိုယ့်ရဲ့ခေါင်းကို ဘယ်ညာ ယိမ်းထိုးကာ ထိုအနမ်းကနေ လွတ်မြောက်အောင် ကြိုးစားနေတော့သည်။
သူ ငြင်းဆန်မှာကို သိတဲ့ပါးနပ်လွန်းတဲ့ ထိုကောင်လေးက သူရဲ့ခေါင်းကို အလွတ်မခံဘဲ ကိုင်ထားရင်း သူရဲ့အောက်နှုတ်ခမ်းကို တစ်လှည့် အပေါ်ကိုတစ်လှည့် နမ်းရှိုက်နေတာထက် သူ့ကို ဒေါသကြီးစွာဖြင့် ဝါးမြိုနေသလို ခံစားရစေသည်။ထိုကောင်လေးရဲ့ သူ့အပေါ် အုပ်မိုးထားတဲ့ ကိုယ်ကိုလည်း နှောင်းခေတ် တွန်းထုတ်ကာ ငြင်းဆန်နေတော့သည်။ ဒါပေမဲ့ သူရဲ့အားကသာ တဖြည်းဖြည်း ကုန်လာခဲ့ရသည်။ ထိုအချိန် နှောင်းခေတ် မလှုပ်ရှားနိုင်တော့ဘဲ ခေတ်လိုက်ရဲ့မတရား ဝါးမြိုနမ်းရှိုက်ခြင်းကို ခံနေရတော့သည်။
ခေတ်လိုက်လည်း နမ်းနေချိန်မှာ အောက်ကလူ အသက်ရှုကြပ်လာတာကို တွေ့တော့ သူရပ်ပေးလိုက်သည်။ ပြီးတော့ သူလည်း ထိုလူသားကို နမ်းရလွန်းလို့ သူ့ရဲ့ရင်အစုံဟာလည်း ပြေးထားရသလို မြင့်ချည်နိမ့်ချည် ဖြစ်နေသည်။ necktieကို သူ ဖြေလျှော့လိုက်ပြီး အပြင်က လက်ရှည်ကို ဆွဲချွတ်ကာ အထဲက အင်္ကျီကိုလည်း တံတောင်ထိ ခေါက်တင်လိုက်ပြီးရင် မောပမ်းလို့ လေကို လုရှူနေတဲ့ ထို မတရားလှလွန်းတဲ့ သူအရှေ့လူသားလေးကို သူ စိုက်ကြည့်နေလိုက်သည်။
သူ့ရဲ့ အနမ်းကြမ်းမှုကြောင့် အောက်နှုတ်ခမ်းပေါက်နေတဲ့ ထိုလူရဲ့ သွေးစတွေကို ခေတ်လိုက် လက်မနှင့် ညင်သာစွာ သပ်ပေးလိုက်ပြီး နောက်ထပ်တစ်ခါ ထိုနှုတ်ခမ်းအပေါ် သူ နမ်းချမိလိုက်ပြန်သည်။
"ပြွတ်~''
"ပင်ပန်းသွားပြီးလား..ကျုပ်ရဲ့ဇနီးလှလေး..''

YOU ARE READING
𝚁𝚎𝚊𝚍𝚢 𝚝𝚘 𝚋𝚎 𝚖𝚒𝚗𝚎 (𝚘𝚛) 𝙽𝚘𝚝 { 𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙 }
Romance𝗪𝗮𝗿𝗻𝗶𝗻𝗴 [𝟭𝟴+] 𝗣𝗼𝘀𝘀𝗲𝘀𝘀𝗶𝘃𝗲 𝗧𝘆𝗽𝗲 𝗳𝗶𝗰🚨 ခေတ်လိုက်မင်းမူ+နှောင်းခေတ်မဟာဆန်