Unicodeထိုကောင်လေးဆီကနေ လက်ထပ်ကြရအောင်ဆိုတဲ့ စကားကို ကြားလိုက်ရတော့ နှောင်းခေတ်မှာ မျက်လုံးတွေ ပြူးကျယ်သွားရသည်။ ခဏကဘဲ ချစ်ကြည့်မယ်လို့ ပြောတဲ့ လူက အခုမှာတော့ လက်ထပ်သည့်အထိ ဖြစ်သွားပြီးတဲ့။
ထိုကောင်လေးကို နှောင်းခေတ် လက်ထပ်နိုင်မည်မဟုတ်ပေ။ ဘာလို့ဆို သူရဲ့ စိတ်က ကိုဘုန်းကိုတောင် မေ့လို့မရသေးအပြင် ထိုကောင်လေးကို မချစ်ပါဘဲနှင့် နှောင်းခေတ်အတွက် အဲ့စကားမှာ လုံးဝ သူတို့နှစ်ယောက်ကြား မဖြစ်နိုင်တဲ့ စကားတွေဘဲ ဖြစ်သည်။
ပြီးတော့ အချစ်ဆိုတဲ့ စကားလုံးနှစ်လုံးရဲ့ အဓိပ္ပါယ်တွေဟာ လေးနက်မှုရှိနေကြောင့် နားမလည်သေးတဲ့ ထိုကောင်လေးကို အိမ်ထောင်သည်ဘဝ မရောက်သွားစေချင်ပါ။ လက်ထပ်လိုက်ပြီးရင် သူတို့နှစ်ယောက် ဖြစ်သလိုလည်း နေခွင့်မရှိတော့သလို မိသားစုတည်ထောင်ဖို့ဆိုတာ အချစ်ဆိုတဲ့ နွေးထွေးမှုကလည်း ရှိနေရအုံးမယ်ဖြစ်သည်။
အခုမှာတော့ သူတို့နှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် မချစ်ပါဘဲနှင့် လက်ထပ်ဖို့ဆိုတာ နှောင်းခေတ်ဘက်က လက်ခံမှာတော့မဟုတ်ပေ။
"လက်ထပ်တာက..ပစ်စလွယ် လုပ်လို့ရတဲ့အရာမဟုတ်ဘူး...မင်း ပါးစပ်ကနေ လွယ်လွယ် မပြောထုတ်သင့်ဘူး...''
"ကျုပ်မသိဘူး..ခင်ဗျာနှင့် လက်ထပ်ရမှာကိုဘဲ သိတယ်..ဒါကြောင့်မလို့ ဘာမှ ရှင်းမပြနေနဲ့တော့...''
"မရဘူးလေ..''
"ဘာကိုမရတာလဲ..ကျုပ်နေရာမှာ ဟိုဘဲကြီးဆို ခင်ဗျာ လက်ခံရောပေါ့...''
ကိုဘုန်းကိုဘဲ ခလုတ်တိုက်နေတဲ့ ထိုကောင်လေးကို နှောင်းခေတ် ဘယ်လို နားဝင်အောင် ရှင်းပြရမလဲပင် မသိတော့ပေ။
"အဲ့ဒါက.. ငါတို့အကြာကြီး ချစ်ခဲ့ကျတော့..တစ်ယောက်အတွင်းစိတ် တစ်ယောက်သိကျတယ်လေ..''
"ဒါနဲ့ တစ်ယောက်အတွင်းစိတ်ကို တစ်ယောက် သိကြလွန်းလို့..ဟိုဘဲကြီး ပစ်တာ ခံလိုက်ရတာပေါ့...''
ထိုကောင်လေးပြောတဲ့ စကားတွေဟာ အမှန်တွေဖြစ်နေပေမဲ့လည်း နှောင်းခေတ် လက်မခံပေ။
YOU ARE READING
𝚁𝚎𝚊𝚍𝚢 𝚝𝚘 𝚋𝚎 𝚖𝚒𝚗𝚎 (𝚘𝚛) 𝙽𝚘𝚝 { 𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙 }
Lãng mạn𝗪𝗮𝗿𝗻𝗶𝗻𝗴 [𝟭𝟴+] 𝗣𝗼𝘀𝘀𝗲𝘀𝘀𝗶𝘃𝗲 𝗧𝘆𝗽𝗲 𝗳𝗶𝗰🚨 ခေတ်လိုက်မင်းမူ+နှောင်းခေတ်မဟာဆန်