Unicodeခဏကလို ခေတ်လိုက်ကို စိတ်ပူပန်နေပေးတဲ့လူက အခုတော့ အိပ်မောကျလို့နေသည်။
ထိုလူသားလေး နေပြန်ကောင်းလာဖို့
အကူအညီပေးနေတဲ့ ဆေးပိုက်နှင့်ဆေးအပ်တွေကလည်း ခေတ်လိုက်ရဲ့အပိုင်ဖြစ်တဲ့
ထိုလူသားလေးရဲ့ နူးညံ့နေသော လက်ချောင်းထဲက အကြောစိမ်းမြမြတွေပေါ်မှာ ထိုးစိုက်လျှက်နှင့်ပင်။
ခေတ်လိုက်မှာတော့ ထိုလူသားအနားထိုင်ချနေကာ ထိုလူသားရဲ့ ကြည်စင်နေသော
မျက်နှာကို ကြည့်လျှက် သူပြုံးလေ၏။"ခင်ဗျာကို မြင်ကတည်းက... မောင်အပိုင်ဖြစ်ဖို့ ရွေးချယ်လိုက်တဲ့ လူမလို့...ခင်ဗျာက
မောင့်အချစ်ကို လက်ခံရယူဖို့ ထိုက်တန်တဲ့လူဘဲ ဖြစ်ရမယ်.....''ခေတ်လိုက် ထိုကဲ့သို့ပြောတဲ့အချိန်
နှောင်းခေတ်ရဲ့ လက်ချောင်းလေးတွေက
လက်ခံခေါင်းငြိမ့်နေသလိုမျိုး နည်းနည်း
လှုပ်ရှားလာတော့သည်။ ဒါပေမဲ့ နှောင်းခေတ်ရဲ့ မျက်လုံးက မဖွင့်ရသေး။
ခေတ်လိုက်ကလည်း ချစ်မိလို့ စိတ်ရှည်အောင် စောင့်ပေးနေတယ်လို့လည်း
သူစိတ်ထဲ သူပြောနေမိတော့သည်။ခဏနေတော့ ခေတ်လိုက် ဝရံတာဘက်ထွက်ပြီး ညနေဆည်းဆာအချိန်ကို သူကြည့်နေမိသည်။ ပြီးတော့ သက်ပြင်းရှည်ကြီးတစ်ခုကို သဲ့သဲ့ချပြီး ဝရံတာဘက်က တံခါးကိုလည်း သူပိတ်လိုက်သည်။ ဘောင်းဘီအိတ်ကပ်ထဲ အမြဲတမ်းထည့်ထားတဲ့
ဖုန်းကို ကိုင်ကာ နံပါတ်တစ်ခုကို
ခေါ်လိုက်သည်။"Hello''
တစ်ဖက်ကအသံကြားရတာနှင့် ခေတ်လိုက်
နှုတ်ခမ်းတစ်ဖက်က အပေါ်ဘက်သို့ ကွေ့ညွန့်တက်သွားတော့သည်။"ဒီလိုမျိုး..ဖုန်းတောင် မပြောရတာကြာနေပြီးနော်...Mr.Starvian''
ခေတ်လိုက်ရဲ့ ထိုလိုစကားကို တစ်ဖက်သူက
ကြားတော့ တဟားဟား ရယ်လေသည်။"ပြောငါ့ကောင်ရာ...လိုတဲ့အချိန်မှ
တန်းခေါ်တာနော်...ကိုယ့်ဆရာကိုတောင်
Weeding ဖိတ်စာမပေးဘူးဟေ့....''"အဟက်..အဲ့ဒါက မလိုအပ်သေးဘူးထင်လို့..
Mrကို မခေါ်တာ...အခုတစ်ခေါက်က အရေးကြီးတယ်...''

YOU ARE READING
𝚁𝚎𝚊𝚍𝚢 𝚝𝚘 𝚋𝚎 𝚖𝚒𝚗𝚎 (𝚘𝚛) 𝙽𝚘𝚝 { 𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙 }
Romance𝗪𝗮𝗿𝗻𝗶𝗻𝗴 [𝟭𝟴+] 𝗣𝗼𝘀𝘀𝗲𝘀𝘀𝗶𝘃𝗲 𝗧𝘆𝗽𝗲 𝗳𝗶𝗰🚨 ခေတ်လိုက်မင်းမူ+နှောင်းခေတ်မဟာဆန်