Chapter-4(U + Z)

8.9K 147 2
                                    


Unicode

ချောက်!. ..

ခေတ်လိုက်မင်းမူ အခန့်တံခါးရဲ့ပွင့်ဟသွားသည့်အသံ။

ခေတ်လိုက် နားပါးသူမို့ ယင်းအသံကို ကြားသည်နှင့် ခုတင်ပေါ်မှာ ထထိုင်လိုက်ပြီး တံခါးအဝင်ပေါက်နေရာကို စိုက်ကြည့်နေလိုက်သည်။

အခန်းက အမှောင်ချထားသဖြင့် မည်သူမည်ဝါ ဖြစ်သည်ဆိုတာကိုလည်း ခေတ်လိုက်မသိပေ။
လူအိပ်ချိန်မှာ သူ့ရဲ့အမေ ဝင်လာဖို့ဆိုတာ မဖြစ်နိုင်မှန်း ခေတ်လိုက်မင်းမူ သိထားသည်။
ဒါဆို ညအချိန်မတော် သူ့အခန်းထဲကို ဘယ်သူက ဝင်လာတာလဲ။

ခဏလောက် ထိုင်နေတဲ့ ခေတ်လိုက်မင်းမူရဲ့ မျက်လုံးတွေ အမှောင်ထဲ ကျင့်သားရလာတော့မှ တံခါးပေါက်ဝမှာ ရပ်နေတဲ့လူကြောင့် ခေတ်လိုက် ​ကြောင်အသွားရသည်။

"ခင်ဗျား..ကျုပ်အခန်းကို ဘယ်သူခွင့်ပြုချက်နှင့် ဝင်လာတာလဲ...''

"အိုး...ရှူးလူကိုတွေ့တာနှင့် မဆူနှင့်လေ..ဒါက လူအိပ်ချိန်..မဆူညံလိုက်ပါနဲ့..အခု ပျော်သရာအခိုက်အတန့်တွေ ဖန်တီးကြရအောင်.''

ခေတ်လိုက်ရှေ့ကို နှောင်းခေတ် ရပ်လိုက်ပြီး အသံမဆူညံဖို့ ခေတ်လိုက်ကို သတိပေးတဲ့အချိန် နှုတ်ခမ်းနှင့်ထိကပ်ထားသည့် လက်သွယ်သွယ်ဖြင့်နှင့်သာ ခေတ်လိုက်ရဲ့ နှုတ်ခမ်းပေါ် ​​​တင်လိုက်တော့သည်။

"ခင်ဗျားဘာလုပ်တာ..ရွံ့စရာကြီး..''

ရှေ့ကလူကတော့ သူရွံ့ဖွယ်ရာကို တွေ့လိုက်သလိုမျိုး လုပ်နေပေမဲ့ သူ့ကို အပြုံးမပျက်။
ဒီလိုအပြုံးမျိုးက ဘယ်ကို ဦးတည်နေလဲဆိုတာ ခေတ်လိုက်သိသည်။

"ခင်ဗျား..ဘာလုပ်ဖို့ စဥ်းစားနေတာလဲ..ပြီးတော့ ကျုပ်အခန်း ခင်ဗျား ဘယ်လို ဝင်လာလို့ရတာလဲ..''

"တံခါးကနေ ဝင်လာတာပေါ့..စကားမရှည်နှင့်တော့..လာပျော်ကြရအောင်.''

"ခင်ဗျား ကျုပ်အခန်းကနေ ထွက်သွား..အခုချက်ချင်းထွက်သွား!. .''

ခေတ်လိုက်မင်းမူရဲ့ အသံက ဒေါသကြောင့် ဟိန်းထွက်သွားပေမဲ့ သူရှေ့က လူကတော့ နည်းနည်းမျှ တုန်လှုပ်သွားပုံမရ။

𝚁𝚎𝚊𝚍𝚢 𝚝𝚘 𝚋𝚎 𝚖𝚒𝚗𝚎 (𝚘𝚛) 𝙽𝚘𝚝 { 𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙 }Where stories live. Discover now