Chapter-7( U + Z)

5.6K 114 4
                                    


Unicode

ညနေရောက်တော့ သတ်မှတ်ထားတဲ့ အဝတ်ကိုဘဲ နှောင်းခေတ် ဝတ်ဆင်လိုက်ပြီး ပြင်ဆင်နေသည်။

"ဒီညအတွက် အနံ့ပြင်းတာ​လေးကို သုံးမယ်..''

နှောင်းခေတ်မှာ နေရာနှင့်အချိန်အခါကို ကြည့်ပြီး သုံးတဲ့ စျေးကြီးရေမွှေးတွေ မှန်တင်ခုံရှေ့မှာ တစ်ပုံတစ်ပင်ကြီးပင် အရောင်မျိုးစုံနှင့် အနံ့မျိုးစုံရှိတဲ့ရေမွှေးပုလင်းတွေက ဖန်နှင့် ပြုလုပ်ထားတာကြောင့် နှောင်းခေတ်အခန်းရဲ့ မီးရောင်နှင့် ထိလိုက်တဲ့အခါ လင်းလက်တောက်ပလို့နေသည်။

ဆွဲဆောင်မှုရှိစေတဲ့ အနံ့တွေ ပေးဆောင်သည့် ရေမွှေးတွေကတစ်တန်း မပြင်းဘဲ ချစ်စရာကောင်းတဲ့ ရနံ့တွေကို ပေးဆောင်သည့် ရေမွှေးတွေကတစ်တန်း၊ စသဖြင့် သူရနံ့နှင့်သူ အတန်းလိုက် နှောင်းခေတ်စီထားသည်။

နှောင်းခေတ်က သပ်သပ်ရပ်ရပ်နေသူမို့ အခန်းထဲ မျက်စိရှုပ်နေတာမျိုးတွေလည်း မရှိပေ။ asecthic ဆန်ဆန်ကိုဘဲ နှစ်သက်တဲ့ နှောင်းခေတ်ကတော့ အဖြူရောင်ကိုသာ တစ်ခန်းလုံး အသုံးပြုထားသည်။ အဲ့အဖြူရောင် အခန်းကဘဲ နှောင်းခေတ် ဘယ်လောက် သန့်ရှင်းကြောင်း ဂုဏ်ဆောင်ပေးနေသည်။

ရေမွှေးကို တစ်ကိုယ်လုံး ဖြန်းလိုက်ပြီး ကျေနပ်စွာ မှန်ထဲပေါ်လွင်နေတဲ့ မိမိရုပ်ကို ကြည့်ရင်း နှောင်းခေတ် ကိုယ့်ကိုကိုယ် ချီးကျူးမိသည်။

"တစ်ယောက်ပစ်သွားလည်း ဘာမှ ဖြစ်သွားမှာ မဟုတ်တဲ့ အလှမျိုးကို နှောင်းခေတ် ပိုင်ဆိုင်ထားတာဟေ့..''

"တစ်ယောက်ပစ်သွားရင် နောက်ထပ် ယူမှာပေါ့..ကိုယ့်အတွက် စစ်မှန်တဲ့ လူ မတွေ့မချင်း ''

နှောင်းခေတ် ပြင်ဆင်ပြီးတော့ အခန်းထဲကနေ ထွက်လာပြီး မေမေနှင့် ဖေဖေကို သွားပြောရန် အောက်ထပ် ဆင်းလာခဲ့သည်။

"မေမေရယ်..ဖေဖေရယ်..သားပြောစရာရှိတယ်..''

ဒေါ်မေဇာဇာဝင်း သားခေါ်သံကြောင့် ဧည့်ခန်းဆီ လျှောက်လာတော့ ရလိုက်တဲ့ ရေမွှေးအနံ့ခပ်ပြင်းပြင်းကြောင့် မူးမေ့ချင်သွားသည်။

𝚁𝚎𝚊𝚍𝚢 𝚝𝚘 𝚋𝚎 𝚖𝚒𝚗𝚎 (𝚘𝚛) 𝙽𝚘𝚝 { 𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙 }Where stories live. Discover now