Chapter-27 ( U + Z )️🔞⚠️

9.6K 77 2
                                    


Unicode

[18+အခန်း ပါဝင်သည်]

နှောင်းခေတ် ထိုကိစ္စကြောင့် အိမ်ထဲ နေချင်စိတ်တောင်မရှိတော့ပေ။ အဲ့လိုနဲ့ သူလည်း သူရဲ့စိတ်ထွက်ပေါက်ဖြစ်သည့် နေရာကို သွားဖို့လည်း ကိုဘုန်းနှင့် မချိန်းထားရသေးတာကြောင့် ဝန်းစေရာတို့ အိမ်ကို သူမောင်းလာခဲ့သည်။ ဒါပေမဲ့ ဝန်းစေရာက စာသွားသင်နေတာကြောင့် နှောင်းခေတ် ပြန်လှည့်ပြန်ခဲ့ရသည်။

သူ အိမ်ကို ပြန်လာခဲ့ပေမဲ့ အိမ်ထဲကို လုံးဝမဝင်သေး​ေပ။ တော်ကြာ ဟိုကောင်လေးရဲ့မိသားစုနှင့် ဆုံရပြန်ပြီး စေ့စပ်မည့်အကြောင်း ​ပြောနေအုံးမှာ။ နှောင်းခေတ်က
အဲ့လိုမျိုး ကိုယ့်ကို ချည်နှောင်လိုက်နိုင်သည့် အရာတွေမှန်နေသမျှကို သူမုန်းပါ၏။

အခုကျတော့ တကယ်လို့ အဲ့လိုမျိုးသာ စေ့စပ်လိုက်မယ်ဆိုရင် နှောင်းခေတ်က လွတ်လွတ်လပ်လပ် နေခွင့်မရှိတော့ဘူးဆိုတာသိသည်။ ထိုကောင်လေးက အခုတောင်မှ သူ့ကို လိုက်ပြီး ထိန်းချုပ်နေသလိုမျိုး
ဟိုလိုမလုပ်နဲ့ ဒီလိုမလုပ်နဲ့ ကျုပ်မကြိုက်ဘူးဆိုတဲ့ အမိန့်ဆန်ဆန် ပြောတတ်တဲ့ ထိုကောင်လေးကို နှောင်းခေတ် စိတ်ရှုပ်သည်။

ပြောရရင် ထိုကောင်လေးနှင့် မဆုံခဲ့တာကမှ ပိုကောင်းတယ်ထင်တယ်။ အခုတော့ သူ့ဘဝက အရင်လိုလည်း ပျော်စရာမကောင်းနေတာ့သလို စိတ်ရှုပ်ထွေးမှုတွေကြောင့်လည်း အိပ်ရေးမဝဖြစ်ကာ အတွေးတွေ လွန်နေမိတာ ညတိုင်းတောင် ဖြစ်လုနီးပါး။

အမောပြေလေမလားဆိုတဲ့စိတ်နှင့် သစ်ပင်အရိပ်အောက်က ဒန်းပေါ်မှာ ထိုင်နေပေမဲ့ နှောင်းခေတ်ရဲ့ အတွင်းစိတ် ပူလောင်မှုကိုတော့ အေးမြတဲ့အရိပ်ကတောင် ငြိမ်းချမ်းမှု မပေးနိုင်သေးပေ။

"ဘယ်လို ဖြစ်နေတာလဲ...စိတ်ရှုပ်တယ်..''

ကိုယ့်ဘာကိုယ် တစ်ယောက်တည်းပြောပြီး နှောင်းခေတ်မှာ မကျေမနပ်ဖြစ်နေမိတော့သည်။ သူရဲ့အဖေဟာလည်း ထိုကောင်လေးကို သဘောကျအားကျနေတယ်ဆိုတာကို နှောင်းခေတ် ဟိုအရင်ကတည်းက သိနေသည်။ အဲ့ကောင်လေးကိုဆို အရမ်းတော်တယ်လို့လည်း အမြဲတမ်း ချီးကျူးပြီးတော့ နှောင်းခေတ်ကိုလည်း အဲ့လိုမျိုး ဖြစ်စေချင်နေကြောင်း ပြောပြခဲ့ဖူးတာဖြစ်သည်။

𝚁𝚎𝚊𝚍𝚢 𝚝𝚘 𝚋𝚎 𝚖𝚒𝚗𝚎 (𝚘𝚛) 𝙽𝚘𝚝 { 𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙 }Where stories live. Discover now