Unicodeနှောင်းခေတ်သောက်နေကျ ပုံစံမျိုး မဟုတ်သဖြင့် ဝန်းစေရာဘက် လှည့်ပြီး ပြောလိုက်သည်။
"ဝန်း..ငါတို့သောက်နေကျ လိုမျိုး မဟုတ်ဘူး..အဲ့ဒါ မင်းသွားမှာပေး..''
တိုးတိုးပြောနေတဲ့ အကိုနှောင်းကြောင့် ထက်သွန်က မနေနိုင်စွာဖြင့် မေးလိုက်သည်။
"ကိုနှောင်း ဘာယူမလဲဟင်..ကျွန်တော် သွားယူပေးမှာပေါ့..''
ဝိုင်းထဲ ထိုင်ချပြီး မထချင်တဲ့ ဝန်းစေရာကဘဲ အားတက်သရော
"အကိုတို့အတွက် Soju နဲ့ Beer စပ်ထားတာလေး ယူလာပေးနော် မောင်လေး..နှောင်းအတွက် ခပ်ပြင်းပြင်းလေး...''
အလိုက်သိသော သူငယ်ချင်းဖြစ်သူကို နှောင်းခေတ်ကြည့်ပြီး ကျေနပ်စွာ ပြုံးလိုက်မိသည်။
"ငါ့အကြိုက်..မှတ်မိသေးတာဘဲ''
"ငါက ဘယ်သူမို့လို့လဲ..ဝန်းစေရာဟာ..''
နှောင်းခေတ်နှင့် ဝန်းစေရာတို့က သဘာဝအတိုင်း ဘေးကလူတွေကို မေ့ထားလို့ နှစ်ယောက်သား တစ်ကမ္ဘာတည်နေတော့သည်။
ထိုကျန်နေတဲ့ ကောင်လေးသုံးယောက်ထဲမှာ ဝန်းစေရာ ထိုင်ကတည်းက မျက်စိလုံးဝ မလွှဲတဲ့ ကောင်လေးတစ်ယောက်ရှိသည်။ အဲ့ကောင်လေးရဲ့ နာမည်က ရှိုင်းတဲ့။
နာမည်နှင့် လိုက်အောင်ပင် ရှိုင်းဆိုတဲ့အတိုင်း မျက်ဝန်းတွေက နက်ရှိုင်းသည်။ Shine ဆိုတဲ့ အင်္ဂလိပ်စာလုံးအတိုင်း ထိုကောင်လေးက တောက်ပသည်။ နှောင်းခေတ်တို့ ဝင်လာကတည်းက ဘေးက ဝန်းစေရာကို မျက်လုံးကျွတ်ကျမတတ် ထိုင်ငမ်းနေတဲ့ ကောင်လေးကြောင့် နှောင်းခေတ် ခပ်ရဲ့ရဲ့ ပြုံးလိုက်မိသည်။
သူရဲ့သူငယ်ချင်းဆိုးလေးကို ချစ်ပေးမည့် လူဖြစ်လာမည်ဆိုတာကို နှောင်းခေတ် ကြည့်ရုံနဲ့ အတပ်သိသည်။
ကျန်နေတဲ့ ကောင်လေးတွေကို စကားလေး ပြောနေတဲ့အချိန်မှာ ကောင်လေးတစ်ယောက်ရဲ့ ခုံပေါ်မှာ တင်ထားတဲ့ ဖုန်းက လင်းလာသည်။ ပြီးတော့ ထိုကောင်လေးက ယင်းဖုန်းကို ကိုင်လိုက်ပြီး စကားပြောနေသည်။
ထိုကောင်လေးက အေးစက်စက် ဖြစ်နေတဲ့ မင်းနိုင်ဆိုတဲ့ ကောင်လေးပေါ့။
YOU ARE READING
𝚁𝚎𝚊𝚍𝚢 𝚝𝚘 𝚋𝚎 𝚖𝚒𝚗𝚎 (𝚘𝚛) 𝙽𝚘𝚝 { 𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙 }
Romance𝗪𝗮𝗿𝗻𝗶𝗻𝗴 [𝟭𝟴+] 𝗣𝗼𝘀𝘀𝗲𝘀𝘀𝗶𝘃𝗲 𝗧𝘆𝗽𝗲 𝗳𝗶𝗰🚨 ခေတ်လိုက်မင်းမူ+နှောင်းခေတ်မဟာဆန်