Unicode
ခေတ်လိုက်တစ်ယောက် သူ့ကို အလွတ်မပေးဘဲ ခါးကိုတင်းတင်းဖက်ထားကာ
ရင်ခွင်ထဲတိုးဝင်ပြီး အိပ်ဆက်နေသော
နှောင်းခေတ်ကြောင့် သူ့မှာ ကျေနပ်ရသည်။
သူ့ဘက်က ထိုလူသားအပေါ် စွဲလမ်းရသလိုမျိုး ထိုလူသားဘက်ကလည်း သူ့လိုနည်းတူ
ဖြစ်တာကို သူသဘောကျ၏။ ဒါဟာ အတ္တလို့ပင်ဆိုဆို လူတိုင်းက ကိုယ်ပေးသလောက်
ပြန်ရချင်နေကြတာဟာ သဘာဝဘဲမလို့
သူ့ဘက်က အတ္တထားမိရင်လည်း မှားနေမယ်လို့ ခေတ်လိုက် လုံးဝထင်မှာမဟုတ်ပေ။နှောင်းခေတ်ကို သူ့ရင်ခွင်ထဲကနေ ညင်သာစွာ ထုတ်လိုက်ပြီး သူကိုယ်တိုင်က နှောင်းခေတ်နိုးလာတဲ့အချိန် စားဖို့ရန်အတွက် ချက်ပြုတ်ပေးဖို့ အောက်ထပ်ဆင်းကာ
မီးဖိုချောင်းထဲသို့ ဝင်သွားတော့သည်။
ခေတ်လိုက်တစ်ယောက် သူ့အမေဆီကနေ ဒီလိုမျိုး ချက်ပြုတ်တတ်ဖို့ သင်ခဲ့ရတာဟာ
နောင်တမရမှန်း အခုချိန်မှ သိလိုက်ရသည်။
သူ့မှာ ချက်ပြုတ်နေရင်း တစ်ချိန်က
အမေ့ဆီသွားပြီး ဟင်းချက်သင်ခဲ့တဲ့နေ့ကို ပြန်လည်သတိရမိတော့သည်။"အမေ..ကျွန်တော်ချက်တတ်ချင်တယ်...''
"ဘယ်သူ့အတွက်နဲ့လဲ..''
"ဏီ့အတွက်လေ...''
ခေတ်လိုက် အဲ့လိုပြောတော့ ဒေါ်ရည်လဲ့ကသူ့သားကိုကြည့်ကာ ပြောလာသည်။
"တစ်ခါတစ်လေတော့ ချက်ပေးချင်တဲ့သူနှင့်..ကိုယ်တကယ်ချက်ပေးတဲ့ သူက လွှဲနေတတ်တယ် သားရယ်...အမေကိုယ်တိုင်တောင်..မင်းအဖေကို ချက်ပေးချင်လို့..
ဟင်းချက်သင်ခဲ့တာမဟုတ်ဘူး...
တစ်စုံတစ်ယောက်ကို ရည်ညွန်းပြီး တတ်အောင် သင်ခဲ့တာ..အခုတော့ အဲ့တစ်ယောက်အတွက် မင်းရဲ့အဖေကိုဘဲ အမေက ချက်ပြုတ်ပေးနေရတာလေ...''ခေတ်လိုက်မှာ ဝမ်းနည်းရိပ်သမ်းနေသော သူ့ရဲ့အမေမျက်နှာကို ကြည့်ပြီး သူလည်း စိတ်မကောင်းဖြစ်ခဲ့မိတယ်။ အဲ့အချိန်မှာ သူ့အမေက သူမအချစ်ဦးကို ဆိုလိုနေမှန်း ခေတ်လိုက်သိသည်။ သို့ပေမဲ့ သူမမေးဖြစ်လိုက်ပေ။ ဘာလို့ဆို ထိုစကားက သူ့အတွက် ပြောနေမှန်း သူကောင်းကောင်းနားလည်တယ်။ တစ်ခါတစ်လေ ကိုယ် စိတ်ကူးတွေယဥ်ပြီး တစ်သက်လုံး အပိုင်ရမယ်ထင်ထားတဲ့လူကို ပိုင်ဆိုင်ခွင့်မရတတ်တာဟာ ကံကြမ္မာလှည့်ကွက်ထဲက တစ်ခုမှန်း လူတိုင်းသိ၏။

YOU ARE READING
𝚁𝚎𝚊𝚍𝚢 𝚝𝚘 𝚋𝚎 𝚖𝚒𝚗𝚎 (𝚘𝚛) 𝙽𝚘𝚝 { 𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙 }
Storie d'amore𝗪𝗮𝗿𝗻𝗶𝗻𝗴 [𝟭𝟴+] 𝗣𝗼𝘀𝘀𝗲𝘀𝘀𝗶𝘃𝗲 𝗧𝘆𝗽𝗲 𝗳𝗶𝗰🚨 ခေတ်လိုက်မင်းမူ+နှောင်းခေတ်မဟာဆန်