Chapter-29 ( U + Z )

3K 63 7
                                    


Unicode

မြင်ယောင်နေသော ပုံရိပ်တွေကို နှောင်းခေတ် တကယ်ထင်မိနေပြီး ကိုဘုန်းကိုလည်း ထိုကောင်လေးပုံရိပ်ကိုသာ မြင်ယောင်နေတော့သည်။ ထိုကောင်လေးရဲ့ သူ့ကိုညို့ယူနေတော့ အကြည့်နှင့် ကြည့်နေတာ မြင်ရတော့ နှောင်းခေတ် မထိန်းထားတော့ဘဲ အရင်နမ်းလိုက်လေသည်။

"ခေတ်လိုက်...ငါ မင်းကို လိုအပ်နေတယ်...''

". ..''

"အဲ့ကြောင့် ဒီနေ့တစ်ရက်လုံး ဘယ်ကိုမှ မသွားကြဘဲ..အပြည့်အဝ ဆက်ဆံကြမလား..''

ဘုန်းခန့်ရှိန်က နှောင်းခေတ် အရင်စနမ်းလာလို့ ပျော်နေမိချိန် နှောင်းခေတ် ခေါ်လိုက်တဲ့နာမည်ကြောင့် နှောင်းခေတ်ရဲ့စိတ်ထဲ သူမရှိနေဘူးဆိုတာ ဘုန်းခန့်ရှိန် သိလိုက်ရသည်။
အဲ့ကြောင့် သူ နှောင်းနမ်းနေတာကို ငြင်းဆန်လိုက်ပြီး ကြည့်လိုက်သည်။

နှောင်းခေတ်က အသိစိတ်နှင့်ကိုယ်နှင့်က မကပ်နေဘဲ ဘုန်းခန့်ရှိန်ကို ခေတ်လိုက်အထင်နှင့် စိုက်ကြည့်နေသည်။ ပြီးတော့ ပြောလာသည်။

"ကောင်လေး...မင်းဘာဖြစ်နေတာလဲ..ငါ့ကို မင်းက မလုပ်ချင်ဘူးပေါ့ဟုတ်လား..ငါ့ကို မင်းက ဘယ်တုန်းကများ ငြင်းဆန်ရခဲ့ဖူးတာလဲ..ဟွန်း...''

နှောင်းခေတ်ရဲ့ ထိုစကားတွေမှာ ဘုန်းခန့်ရှိန်အတွက် မယုံကြည်နိုင်ဖြစ်စေသည်။ ဘာလို့ဆို သူနှင့်ခဏတာ အဆက်သွယ်ပျက်နေချိန်မှာ နှောင်းခေတ်က အခြားသူတစ်ယောက်အပေါ် မြန်မြန် တွယ်တာသွားမယ်လို့ သူ ဘယ်တုန်းကမှ မထင်ထားခဲ့ဖူးပေ။

အခု နှောင်းခေတ်ရဲ့ ပြောနေပုံအရဆို သူမရှိလည်း နှောင်းဘဝ ပျော်ရွှင်နေကြောင်း သက်သေပြပေးနေသလို ဖြစ်နေသည်။
သူမရှိချိန် အခြားတစ်ယောက်နှင့် အဲ့လောက်ထိတောင် ဆက်ဆံပြီးနေခဲ့တာလားဆိုပြီး ဘုန်းခန့်ရှိန်မှာ ခေတ်လိုက်ဆိုတဲ့ကောင်လေးကို မကျေမနပ် ဖြစ်လာတော့သည်။

ထိုအချိန် ဘုန်းခန့်ရှိန် bathtubeထဲကနေ ထွက်လိုက်ပြီး ထိုင်နေသော နှောင်းခေတ်ရဲ့ ပုခုံးတွေကို ဆွဲညစ်ကာ မေးတော့သည်။

"အဲ့ကောင်နဲ့...ဘယ်နှကြိမ်တောင် နေခဲ့တာလဲနှောင်း...ငါ့ကိုပြောစမ်း!!!. ..''

𝚁𝚎𝚊𝚍𝚢 𝚝𝚘 𝚋𝚎 𝚖𝚒𝚗𝚎 (𝚘𝚛) 𝙽𝚘𝚝 { 𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙 }Where stories live. Discover now