Unicodeလန့်တာတောင် ထွက်လာတဲ့ ထိုလူဆီက အာမေဋိတ်သံကြောင့် ခေတ်လိုက် မျက်မှောင်ကြုံ့လိုက်သည်။ အဲ့ဘဲကြီးရဲ့ နာမည်ကို လန့်တဲ့အချိန် ထွက်လာရသည့်အထိ ထိုလူသားရဲ့စိတ်ထဲမှာ အဲ့ဘဲကြီးက ဘယ်လောက်ထိတောင် စိုးမိုးထားနိုင်တာလဲဆိုတာ ခေတ်လိုက် ခန့်မှန်းလို့ရ၏။ ဒါပေမဲ့ ထိုလူဆီကနေ ထွက်လာတဲ့ နာမည်က သူ့နာမည်မဟုတ်တော့ ထွက်နေတဲ့ ဒေါသတွေက ပိုလို့ပင် ထွက်လာရကာ သူ့မျက်နှာမှာလည်း ခွပ်ခနဲ ပျက်ကျသွားပြီး မျက်လုံးတွေထဲမှာ ဒေါသအငွေ့တွေ ရှိနေတယ်ဆိုတာ ကြည့်ရင် သိနိုင်သည်။
နှောင်းခေတ်မှာ ကောင်းခပြန်လာလို့ သူ့ကို ဆွဲလိုက်တယ်လို့ ထင်နေတာကြောင့် ကောင်းခရဲ့နာမည်ကို တ,ကာ အော်လိုက်မိလေသည်။ ဒါပေမဲ့ ကြမ်းကြမ်းတမ်းတမ်းတော့ ကောင်းခ မဆွဲမှန်း နှောင်းခေတ်သိတော့ ထိုဆွဲတဲ့လူဘက်ကို လှည့်ကြည့်လိုက်တဲ့အခါ ကိုယ့်ကို ထထိုးတော့မလို ရန်လိုနေတဲ့အကြည့်နှင့် စူးရှလွန်းတဲ့ မျက်လုံးတွေဖြင့် စိုက်ကြည့်နေသော ထိုကောင်လေးကြောင့် နှောင်းခေတ်မှာ တံတွေးကို တစ်ချက် မြိုချလိုက်မိသည်။
ခက်ထန်မာကြောနေသော မျက်နှာနှင့် အံကိုတင်းတင်းကြိတ်ထားသော ထိုကောင်လေးက ဒေါသတွေကို ထိန်းချုပ်နေရသလို သူ့ကိုလည်း မလွှတ်တမ်း ကြောက်စရာကောင်းအောင် စိုက်ကြည့်နေသဖြင့် သူ့မှာ အနေရခက်လာသည်။
"ဘာလဲ!!
နှောင်းခေတ်က ထိုကောင်လေး ကြမ်းတမ်းစွာ ဆွဲထားသောကြောင့် သူ့အသားနာရင် ဒေါသထွက်တတ်တဲ့ နှောင်းခေတ်ရဲ့ အမေးလေသံမှာ ထင်ထားသလောက် မနူးညံ့နေဘဲ
အေးဆက်ဆက်နှင့် မာသွားမိသည်။ထိုအခါ ခေတ်လိုက်က ကိုယ့်ကို မြင်တာနှင့် မျက်နှာကို မဲ့ပြလာတဲ့ ထိုရှေ့က လူသားကြောင့် ထိုလူကို ကိုင်ထားတဲ့ သူရဲ့ လက်မှာ အားပိုထည့်ကာ ညစ်လိုက်တော့ ကိုယ့်ကို ဒေါသမျက်လုံးတွေနှင့် ပြန်လည်စိုက်ကြည့်လာတဲ့ ထိုလူသားကို သူ မျက်တောင်မခတ်ဘဲ ပြန်စိုက်ကြည့်နေလိုက်သည်။
"ဘာမှ ပြောစရာမရှိရင်..ငါသွားပြီး..''
သူရဲ့ ကိုင်ထားတဲ့လက်တွေကို ထိုလူက ပယ်ချလိုက်ပြီး ထွက်သွားမည့်အချိန် ခေတ်လိုက် ပြန်ဆွဲကာ သူ့ရဲ့ရင်ခွင်ထဲ ဆွဲဖက်လိုက်သည်။
![](https://img.wattpad.com/cover/339864577-288-k313003.jpg)
YOU ARE READING
𝚁𝚎𝚊𝚍𝚢 𝚝𝚘 𝚋𝚎 𝚖𝚒𝚗𝚎 (𝚘𝚛) 𝙽𝚘𝚝 { 𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙 }
Romance𝗪𝗮𝗿𝗻𝗶𝗻𝗴 [𝟭𝟴+] 𝗣𝗼𝘀𝘀𝗲𝘀𝘀𝗶𝘃𝗲 𝗧𝘆𝗽𝗲 𝗳𝗶𝗰🚨 ခေတ်လိုက်မင်းမူ+နှောင်းခေတ်မဟာဆန်