Chapter-6( U + Z)

7.8K 142 18
                                        


Unicode

စိတ်ဆိုးမာန်ဆိုးဖြင့် ကိုယ့်ကိုမကျေနပ်သလိုဖြင့် မကြည်ကြည့်ပြီး လှည့်ထွက်သွားတဲ့ လူကို ခေတ်လိုက် မျက်လုံးတစ်ဆုံးထိ ရပ်ကြည့်လိုက်ပြီး ကိုယ့်နှုတ်ခမ်းကိုလည်း သပ်ကိုင်နေမိသည်။

"နူးညံ့နေတာဘဲ..မိန်းကလေးလည်းမဟုတ်ဘဲနှင့်ကို..အဲ့ကြောင့် ဟိုဘဲကြီးက စွဲလမ်းနေရတာပေါ့..အဟမ့်''

ဒီနေ့မနက်ပိုင်းမှာ ခေတ်လိုက်ကံကောင်းနေတယ်လို့ သတ်မှတ်ထားသည်။ ဘာလို့ဆိုရင် ကိုယ်ရွံနေတဲ့ လူတစ်ကို ကူကယ်ရာမဲ့ ကိုယ်နှင့်အနမ်းခံလိုက်ရတာဟာ ဘယ်လောက်ထိ ကောင်းနေတာလဲဆိုတာ ခေတ်လိုက် သိခွင့်ရသွားသည်။

"အဲ့လိုမျိုး..ပြန်ခံပြောအုံး.မှတ်သားအောင် လုပ်ပစ်မှ မှတ်မဲ့အတန်းစားမျိုးတွေ..''

အဲ့လူ မကျေမနပ်ဖြစ်နေချိန်ဆို သိပ်လှနေတယ်ဆိုတာ ခေတ်လိုက် မြင်ယောင်ကြည့်ရင်း တွေးနေမိသည်။ တွန့်ချိုးထားတဲ့ မျက်ခုံးတွေမှာ မထူမပါး ခပ်ညိုညိုအရောင်ရှိပြီး လမင်းသလို ကောက်ကွေ့နေသည်။
နှုတ်ခမ်းကလည်း အပေါဘက်အပြင်ပိုင်းနှင့်အောက်ပိုင်းမှာ အပန်းရောင်ဖြစ်နေပြီး အတွင်းဘက်မှာတော့ ခပ်ရဲရဲလေး ဖြစ်နေသည်။

နှာတံကလည်း စင်းနေပြီး မျက်ဝန်းတွေမှာ ညိုလင်းရောင်ဖြစ်နေသည်။ ထို ဘဝင်မြင့်လူကို တင်စားရလေလျှင် ငန်းဖြူတွေနှင့် တင်စားလို့ရ၏။

ဘာလို့ဆို ထိုလူက ငန်းထက်တောင် ဖြူစွတ်နေမလားလို့။ ထိုလူနှင့်ယှဥ်ရင် ခေတ်လိုက်ရဲ့ အသားအရောင်ဟာ ခပ်ဝါဝါ သန့်သန့်ပြန့်ပြန့်ရှိတာကြောင့် ထိုလူထက်တော့ ယောကျာ်းဆန်သည်။ ထိုလူက ဖြူသလောက် ခပ်နွှဲ့နွှဲ့ပါ ဖြစ်ချင်နေတော့ ယောကျာ်းလေးဆိုတာထက် မိန်းကလေးတစ်ယောက် လှနေသလိုမျိုး လှလို့နေသည်။ မတူတာတစ်ခုမှာ မိန်းကလေးတွေဟာ ခပ်ယဥ်ယဥ်လေးလှကြပြီး ထိုလူကတော့ မျိုးရိုးမြင့်က ဆင်းသက်လာတဲ့ အထက်တန်းဆန်ဆန် အလှမျိုးကို ပိုင်ဆိုင်ထားလေသည်။

သူ့ဘဝမှာ ယောကျာ်းတစ်ယောက် အဲ့လောက်ထိ လှနေတာဟာ ဒီလူ တစ်ယောက်ဘဲ ရှိတယ်လို့ ခေတ်လိုက်ထင်မိသည်။

𝚁𝚎𝚊𝚍𝚢 𝚝𝚘 𝚋𝚎 𝚖𝚒𝚗𝚎 (𝚘𝚛) 𝙽𝚘𝚝 { 𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙 }Where stories live. Discover now