Unicodeနှောင်းခေတ်တစ်ယောက် ခေတ်လိုက်ရဲ့ ခေါ်ရာနောက်ကိုဘဲ ပါသွားခဲ့သည်။ ထိုကောင်လေးခေါ်ရာ နောက်မပါသွားအောင် နှောင်းခေတ် ရှိသမျှအားဖြင့် ရုန်းကန်ကြည့်ပေမဲ့ သူ့ကိုယ်ထက် နှစ်ဆလောက် ပိုထွားတဲ့ အဲ့ဒီ ကောင်လေးကဘဲ အနိုင်ရသွားပြန်သည်။
အပြင်ကနေ သန့်စင်ခန်းထဲကို ဆွဲခေါ်လာပြီး ထိုကောင်လေးက တံခါးကိုလည်း lock ချလိုက်သည်။
"မင်း..ဘာလုပ်တာ..''
"ငြိမ်ငြိမ်နေစမ်း..ခင်ဗျားဒီလိုအချိန်မျိုးမှာ ထွက်သွားရင် အခြားသူက ဘယ်လိုထင်သွားမလဲ..အဲ့ဒါကိုသိလား..ဒါမှ မဟုတ် သိလို့ဘဲ လူတကာမြင်အောင် ထွက်ချင်နေတာလားဟမ်..''
"ငါအရင်ထွက်မှာပေါ့..ပြီးမှ မင်းနောက်ကနေ ထွက်လာ..ခဏက ဒီအထဲ မဆွဲခေါ်လာရင် ပြီးတာဘဲကို တမင်လုပ်တာလား မင်း..''
"အေး ကျုပ်တမင်လုပ်တာ..အဲ့တော့ မကျေနပ်ဘူးလား..''
"မကျေနပ်တော့ မင်းကို ငါက ဘာလုပ်နိုင်မှာမို့လဲ..ဖွင့်တံခါးကို...''
နှောင်းခေတ်ဘဝမှာ သူများကို မကျေနပ်ရင် ပါးသာ ချရိုက်နေရတာမလို့ အခုတော့ ခေါင်းတစ်လုံးစာလောက် မြင့်ပြီး မျက်နှာကိုပါ မော့ချီထားတဲ့ အဲ့အရူးရဲ့ ပါးကို ဖြတ်ရိုက်လို့မရပေ။ လူကိုလည်း ထင်ရင် ထင်သလို အကြမ်းပတမ်း ဆွဲနမ်းတတ်သည့် ထိုကောင်လေးကြောင့် နှောင်းခေတ် စကားမမှား သွားအောင် ထိန်းထားနေရသည်။
"ဒီမှာဘဲနေ..''
"ဒီလို မနေချင်ဘူး..လူမလာခင် ဖွင့်တော့ မြန်မြန်..''
ကိုယ်က ဖွင့်ပေးလို့ ပြောနေပေမဲ့လည်း အဲ့ကောင်လေးက သူ့ကို မျက်နှာသေဖြင့် စိုက်ကြည့်နေသော နှောင်းခေတ် အနေရခက်လာသလို ခံစားလာရသည်။ အဲ့ကြောင့် ထိုကောင်လေးရဲ့ ခန္ဓာကိုယ်ကို တွန်းဖယ်လိုက်ပြီး တံခါးကို ဖွင့်ဖို့အလုပ်
"အွတ်..အွင်း~''
ကောင်းကောင်းပြောရင် ဘယ်တော့မှ နားမထောင်တဲ့ ထိုလူကို ခေတ်လိုက် ဆွဲနမ်းလိုက်သည်။ ဒါတောင်မှ ငြိမ်ငြိမ်အနမ်းခံနေတာ မဟုတ်ဘဲ လှုပ်ရှားနေပါသေးတယ်။ တကယ့်ကို ခေါင်းမာတဲ့လူဘဲ ဒီလူကတော့။
ခေတ်လိုက်က အဖုံးပိတ်ထားတော့ အိမ်သာခွက်ပေါ်မှာ ထိုင်နေပြီး ထိုလူကို သူ့ရဲ့ ပေါင်ပေါ်တွင် တင်ထားတော့ ခေတ်လိုက်ရဲ့ ဟာနှင့် အရမ်းကို နီးကပ်နေသည်။

YOU ARE READING
𝚁𝚎𝚊𝚍𝚢 𝚝𝚘 𝚋𝚎 𝚖𝚒𝚗𝚎 (𝚘𝚛) 𝙽𝚘𝚝 { 𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙 }
Romansa𝗪𝗮𝗿𝗻𝗶𝗻𝗴 [𝟭𝟴+] 𝗣𝗼𝘀𝘀𝗲𝘀𝘀𝗶𝘃𝗲 𝗧𝘆𝗽𝗲 𝗳𝗶𝗰🚨 ခေတ်လိုက်မင်းမူ+နှောင်းခေတ်မဟာဆန်