Unicode
ခေတ်လိုက် အလျင်အမြန်ဘဲ နှောင်းခေတ်လက်ကို ဆွဲကာ အိမ်ထဲသို့ ခေါ်ဆောင်လာခဲ့ပြီး အခု သူရဲ့ခြေလှမ်း ဦးရာက အိပ်ခန်းဆီတို့ ဖြစ်တာကြောင့် နှောင်းခေတ်ရဲ့
ခြေလှမ်းတွေ လှေကို ကျောက်ချလိုက်သလို
ရပ်တန့်သွားသည်။ နှောင်းခေတ် အဲ့လိုရပ်တန့်သွားတာကြောင့် ရှေ့ကနေ သွားနေသော
ထိုကောင်လေးကလည်း ရပ်တန့်သွားလေသည်။ ပြီးတော့ နားမလည်သလိုဖြင့် နှောင်းခေတ်ဘက်ကို လှည့်ကြည့်လာကာ
မေးလာသည်။
"နှောင်း...ဘာဖြစ်လို့လဲ...''
ခေတ်လိုက် ထိုကဲ့သို့ မေးပြီးသည်နှင့်
နှောင်းခေတ် ချက်ချင်းပင် မေးခွန်းပြန်ထုတ်လိုက်သည်။
"မောင်ကရော...ငါ့ကို ဘယ်ခေါ်သွားမလို့လေ..''
"နှောင်း...သိတာဘဲကို..
မသိသလိုမျိုး မဟန်ဆောင်ပါနဲ့လား..
မောင့်စိတ်ကို ပိုကြွလာအောင်....
မလုပ်လို့ မရဘူးလား....''
ခေတ်လိုက်က တကယ်ဘဲ နှောင်းခေတ်
မျက်လုံးပြူးပြီး ဘာမှမသိသလိုမျိုး
စိုးရိမ်စွာ မေးလာသည်ကို အသည်းယားမိ၏။ ဒီလူသား အဲ့လိုမျိုး ဖြူစင်နေချိန်မှာလည်း ခေတ်လိုက်ရဲ့ စိတ်ကို တစ်ဖက်တစ်လမ်းကနေ ဆွဲဆောင်ယူထားပြီး
ထိုလူသားရဲ့ အလှတရားအောက်ထဲ
ပိုလို့ပင် တိုးဝင်သွားမိအောင် တဖြည်းဖြည်း
ညို့ယူနေသလိုမျိုးပင် ဖြစ်သည်။
"နှောင်းကို...မောင် လိုချင်တယ်....''
နှောင်းခေတ်ရဲ့ နားထဲ ဝင်သွားသော
ထိုကောင်လေးရဲ့ သြရှရှ တောင်းဆိုသံလေးတစ်ခွန်း။ အရင်ကလိုမျိုး ပိုရင့်မာတဲ့
စကားလုံးအစား ''နှောင်းကို မောင်လိုချင်တယ်...''ဆိုတဲ့ စကားလုံးလှလှလေးက
နှောင်းခေတ်ရဲ့ စိတ်အစုံကို လွှမ်းမိုးသွား
နိုင်တော့သည်။
အရင်ကဆို နှောင်းခေတ်သာ စိတ်မပါရင်
ဘယ်သူ့ဘက်ကိုမှ နှောင်းခေတ် ခံစားပြီး
ကြည့်ပေးနေခြင်းမရှိပေ။ ကိုဘုန်းကိုဆိုရင်
နှောင်းခေတ်စိတ်မပါတဲ့အချိန် သူ့အသားကိုတောင် ထိခွင့်မရှိခဲ့။ အခုချိန်မှာတော့
ထိုကောင်လေးရဲ့ တောင်းဆိုသံလေးတစ်ခွန်းက သူဘာဘဲဖြစ်နေပါစေ ဆန္ဒကို ဖြည့်ဆည်းပေးမယ် ဖြစ်စေရသည့်အထိကိုပင်
နှောင်းခေတ်ရဲ့ စိတ်ကို စိုးမိုးသွားတာကြောင့်
သူက ခေတ်လိုက်ကို ကြောင်ကြည့်နေမိသည်။
YOU ARE READING
𝚁𝚎𝚊𝚍𝚢 𝚝𝚘 𝚋𝚎 𝚖𝚒𝚗𝚎 (𝚘𝚛) 𝙽𝚘𝚝 { 𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙 }
Любовные романы𝗪𝗮𝗿𝗻𝗶𝗻𝗴 [𝟭𝟴+] 𝗣𝗼𝘀𝘀𝗲𝘀𝘀𝗶𝘃𝗲 𝗧𝘆𝗽𝗲 𝗳𝗶𝗰🚨 ခေတ်လိုက်မင်းမူ+နှောင်းခေတ်မဟာဆန်
