Chapter- 51 ( U + Z )

1.2K 28 2
                                    


Unicode

ချမ်းစိမ့်စိမ့်မနက်ခင်းတစ်ခုနှင့် တစ်ခြားနေရာက အသက်ရှူသံတစ်ခု။ ထိုအသံရှူသံဟာဆိုရင် ပင်ပန်းနေတဲ့လူတစ်ယောက်ဆီကနေ ထွက်လာသလိုမျိုး တစ်ခါတစ်ခါ ကျယ်လာနေသည်။ နှောင်းခေတ်က ထိုအသက်ရှူသံ ဘယ်ဆီကနေ ထွက်လာသလဲဆိုတာကို
သိဖို့ နည်းနည်းလှုပ်ရှားကြည့်တဲ့အခါ
သူ့ရဲ့လက်ပေါ်က နာကျင်ခြင်းကြောင့်
အသံထွက်ကာ အော်မိသည်။

"အာ့...!!

နှောင်းခေတ်ရဲ့အသံလေးက မတိုးမကျယ်ထွက်သွားသဖြင့် အိပ်ပျော်နေတဲ့ ခေတ်လိုက်ရဲ့ မျက်ခုံးနှစ်ဖက် တွန့်ချိုးသွားလေသည်။
ထိုမျက်ခုံးနှစ်ဖက် တွန့်ချိုးသွားရခြင်းက
သူအိပ်ပျော်နေစဥ် ထွက်ကျလာလို့ အလိုမကျဖြစ်ခြင်းမဟုတ်ဘဲ နှောင်းခေတ်ဆီကနေ
နာကျင်ခြင်း ဖော်ဆောင်တဲ့ ထိုအသံသေးသေးလေးကြောင့်သာ ခေတ်လိုက်ရဲ့ မျက်ခုံးက မသိမသာတွန့်ချိုးသွားခြင်းဖြစ်လေသည်။

နှောင်းခေတ်ဘက်မှာတော့ လက်ပေါ်က နာကျင်ခြင်းကြောင့် မျက်လုံးကို အားယူကာ
ဖွင့်ကြည့်လိုက်သည်။ သူမျက်လုံးဖွင့်တဲ့အချိန် မှုန်မှုန်ဝါးဝါးအရာတွေက သူ့မျက်လုံးမှာ ကွက်ကွက်ကွင်းကွင်းဖြစ်နေသည်။
ကြည်လင်နေသော ပတ်ဝန်းကျင်ကို အရင်မမြင်ရတာကြောင့် နှောင်းခေတ် စိတ်က မကြည်ချင်တော့ပေ။

"မေမေ...နောက်ခါ နှောင်းမနိုးရင်...
နှောင်းအခန်းကို အဲ့လိုကြီး မဖွင့်လိုက်ပါနဲ့လား..အခုအလင်းရောင်တွေ စူးလွန်းလို့..
ပတ်ဝန်းကျင်တွေတောင် ကောင်းကောင်း မမြင်ရဘူး.....''

နှောင်းခေတ်ဆီက အဲ့လို အလိုမကျနေတဲ့
အသံကို ခေတ်လိုက်ကြားလိုက်ရသောအခါ
သူ့မှာ စွေ့ကနဲ အိပ်နေရာကနေ ထပြီး
စကားသံထွက်လာတဲ့ နှောင်းခေတ်ကို ကြည့်လိုက်၏။

နှောင်းခေတ်က မျက်လုံးကို ဆေးမသွင်းထားတဲ့ လက်တစ်ဖက်နှင့် အကြိမ်ကြိမ်ပွတ်သပ်ပြီး ပြန်ဖွင့်ကြည့်တော့မှ ပတ်ဝန်းကျင်ကို
ကောင်းကောင်းမြင်လာရ၏။
အရင်ဆုံး မြင်လိုက်ရတဲ့ အခန်းကြောင့်
နှောင်းခေတ် မျက်လုံးတွေ ပြူးကြောင်သွားတော့သည်။

𝚁𝚎𝚊𝚍𝚢 𝚝𝚘 𝚋𝚎 𝚖𝚒𝚗𝚎 (𝚘𝚛) 𝙽𝚘𝚝 { 𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙 }Where stories live. Discover now