Chapter-49 ( U + Z )

1.3K 32 6
                                    


Unicode

ခေတ်လိုက်မှာ အခန်းထဲ တစ်ယောက် အကြာကြီး စောင့်နေရတာကြောင့် သူ့မှာ စိတ်မရှည်တော့ပေ။

"နှောင်းရာ..ခင်ဗျာ ဘယ်ကို လျှောက်သွားနေပြန်တာလဲ....''

အဲ့လိုပြောပြီး လူနာခုတင်ပေါ်ကနေ ဆင်းကာ
သန့်စင်ခန်း ရှိရာဘက်ကို သူမှန်းပြီး
လိုက်လာခဲ့သည်။ သန့်စင်ခန်းရောက်တဲ့အခါ
အပြင်ကနေ လူတစ်ယောက် ရပ်နေတာကို
ခေတ်လိုက်တွေ့တော့ မျက်မှောင့်ကြုတ်ကြည့်လိုက်မိသည်။ ပြီးရင် လေသံ မပျော့မမာဖြင့် သန့်စင်ခန်းအရှေ့ ရပ်နေတဲ့လူကို
သူမေးလိုက်တော့သည်။

"ဟေ့လူ...ခင်ဗျာ ဒီအရှေ့မှာ..
ဘာရပ်လုပ်နေတာ....''

ထိုလူ ဘာကို ရပ်ကြည့်နေလဲဆိုတာကို
ခေတ်လိုက် မမြင်ရသေးတာကြောင့်
အဲ့လို မေးလိုက်ခြင်းဖြစ်သည်။
ထိုအခါ ခေတ်လိုက်ရဲ့ အသံကြောင့်
အဲ့လူက လှည့်ကြည့်လာပြီး
ခေတ်လိုက်ကို လက်ညိုးထိုး
ညွန်ပြလိုက်တော့သည်။ အဲ့လူ ညွန်ပြတဲ့
သန့်စင်ခန်းအထဲဘက်ကို ခေတ်လိုက်ကြည့်လိုက်တဲ့အချိန် လူတစ်ယောက်ရဲ့
လက်တစ်ဖက် ထွက်နေတာဆိုတာကို
မြင်လိုက်ရသည်။ အခု သူ့ရပ်နေတာက
ဘေးကနေမလို့ အဲ့လောက်တာ မြင်နေရပြီး
ဘယ်သူလည်းဆိုတာ သူလည်း အသေချာမသိသေးဘူး။ အဲ့လိုမြင်လိုက်ရတဲ့ ခေတ်လိုက်က ထိုလက်တစ်ဖက်ကို အသေချာကြည့်လိုက်တဲ့အချိန်မှာတော့ သူ့မှာ သွေးပျက်မတတ်ဖြစ်သွားရတော့သည်။

အခုသူမြင်နေရတဲ့ ကြမ်းပြင်ပေါ်လဲကျနေတဲ့
လူက သူရဲ့ပိုင်ဆိုင်မှုလေးဖြစ်တာကြောင့်
အမြန်သွားကာ သန့်စင်ခန်းကို ဝင်သွားတော့သည်။ အဲ့အချိန်အပြင်မှာ ရပ်နေတဲ့ လူက ခေတ်လိုက်ဝင်သွားတာကို တွေ့တာနှင့်
တစ်ပြိုင်နက် အပြင်ဘက်ကနေ Lockချလိုက်တော့သည်။ ခေတ်လိုက်လည်း
သူ့ရဲ့အပိုင်လေးကိုသာ စိတ်ပူနေရတာမလို့
အပြင်ကလူ တံခါးLockချလိုက်ပြီးဆိုတာကိုလည်း သူမသိသေးပေ။

"နှောင်း...နှောင်း....''

ခေတ်လိုက် ခေါ်ကြည့်တော့ ထိုလူသားက
လုံးဝမနိုးလာတော့ဘဲ သတိလစ်နေတဲ့
လူတစ်ယောက်လို သူ့ရဲ့ခေါ်သံကို
တုံ့ပြန်ခြင်း လုံးဝမရှိပေ။ အဲ့အချိန်
ခဏက နှောင်းခေတ်ကို ရပ်ကြည့်နေတဲ့
လူအပေါ် ခေတ်လိုက်ရဲ့ ဒေါသတွေက စုပြုံလာတော့သည်။

𝚁𝚎𝚊𝚍𝚢 𝚝𝚘 𝚋𝚎 𝚖𝚒𝚗𝚎 (𝚘𝚛) 𝙽𝚘𝚝 { 𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙 }Where stories live. Discover now