Unicodeခေတ်လိုက်မင်းမူရဲ့ နူးညံ့သော အနမ်းအောက်ထဲ တိတ်တဆိတ်အတူ စီးမျောလာတဲ့ နှောင်းခေတ်မဟာဆန်ဆိုတဲ့ ဒီလူဟာ အခု ကိုယ်လက်မခံဘူးလို့ တွေးထားတဲ့ လူရဲ့ အနမ်းအောက်ထဲ ပျော်ဝင်သွားတာလား။
ဒီလိုအခြေအနေနှင့်ဆို ထိုမေးခွန်းမှာ အဖြေရှိပြီးသားဖြစ်သည်။ခေတ်လိုက်ဆိုတဲ့ ထိုကောင်ဆိုးလေးက
သူ့ရဲ့နှလုံးသားထဲသို့ တစိမ့်စိမ့် နေရာယူနေပြီးဆိုတာကို နှောင်းခေတ်သာ အသေအချာ မသိသေးတာ ဖြစ်သည်။"သွားလို့ရပြီးထင်တယ်...''
နှောင်းခေတ်က ကိုယ် ထိုကောင်လေးအနမ်းအောက်ထဲ ပျော်ဝင်သွားသည်ကို မသိစေချင်လိုဌာ ထိုအနမ်းကို ရပ်တန့်ကာ ပြောလိုက်သည်။
နမ်းပြီးမှ မျက်နှာလွှဲ စကားလမ်းကြောင်းလွှဲနေတဲ့ ထိုလူသားကြောင့် ခေတ်လိုက်မှာ ပြုံးသွားရသည်။ ပြောရမယ်ဆိုရင် အရင်ကလိုမျိုး ဒီလူသားက သူ့ကို ဆတ်ဆတ်ခါ ဆက်ဆံပြနေတာမဟုတ်တော့ဘဲ အခြေအနေကောင်းလာတယ်လို့ ခံစားမိသည်။
နှောင်းခေတ်က ကိုယ် သွားလို့ရပြီးလို့ ပြောတာကို စိုက်ကြည့်လာတဲ့ ထိုကောင်လေးကြောင့် သူ့မှာ နေရခက်သွားရကာ ထိုနေရာကနေ ထွက်လာခဲ့လိုက်သည်။
အခန်း အပြင်ဘက်ရောက်တော့ နှောင်းခေတ် တံခါးကို မှီချလိုက်ကာ ပူရှိန်းရှိန်းဖြစ်နေတဲ့ မျက်နှာကို လက်ဖြင့် ပွတ်သပ်ရင်း လေပှုတွေ မှုတ်ထုတ်လိုက်သည်။"ဟွန်း..ဘယ်လိုလူမှန်းမသိဘူး..အဲ့လောက်ထိ မစိုက်ကြည့်လည်း ရတာဘဲကို...''
အခုချိန်မှာတော့ နှောင်းခေတ်က ထိုကောင်လေး အကြည့်နှင့်စိုက်ကြည့်တာနှင့်တင် ရှက်ကိုးရှက်ကန်းဖြစ်နေရသလို ရင်ထဲမှာလည်း ဘယ်လိုခံစားနေမှန်းတောင် မသိရတော့ ရူးချင်သွားမိသည်။ ဒီကောင်လေးကသူ့အပေါ် တကယ်ဘဲ အတည် ခံစားချက်ရှိနေတယ်လို့လည်း နှောင်းခေတ်ထင်တယ်။
အရင်က ထိုကောင်လေးမှာ သူ့စိတ်ကြိုက် နှောင်းခေတ်ကို ကစားပြီး ပစ်ထားခဲ့မယ်လို့ထင်ထားခဲ့တာကြောင့် ထိုကောင်လေးပြောတဲ့ စေ့စပ်ခြင်းတွေ လက်ထပ်ခြင်းတွေ သူလက်မခံချင်မိတာအမှန်။ အခုပြန်တော့လည်း ထိုကောင်လေးက သူ့အပေါ် ကောင်းပေးနေသယောင် လုပ်ပြနေတာကြောင့် နှောင်းခေတ်ရဲ့စိတ်တွေ တစ်စတစ်စ ယိုင်နဲ့လာနေရသည်။

YOU ARE READING
𝚁𝚎𝚊𝚍𝚢 𝚝𝚘 𝚋𝚎 𝚖𝚒𝚗𝚎 (𝚘𝚛) 𝙽𝚘𝚝 { 𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙 }
Romance𝗪𝗮𝗿𝗻𝗶𝗻𝗴 [𝟭𝟴+] 𝗣𝗼𝘀𝘀𝗲𝘀𝘀𝗶𝘃𝗲 𝗧𝘆𝗽𝗲 𝗳𝗶𝗰🚨 ခေတ်လိုက်မင်းမူ+နှောင်းခေတ်မဟာဆန်