Chapter-30 ( U + Z )

2.3K 57 6
                                    


Unicode

ညနေပိုင်းရောက်တော့ ခေတ်လိုက် ပြင်လို့ဆင်လို့ပြီးတဲ့အခါ နှောင်းခေတ်တို့ရဲ့ အိမ်ကို ပြန်ရောက်လာသည်။ ဒီတစ်ခါ ဒီရောက်လာတော့လည်း ဟိုလူသားရဲ့ကားကို သူမတွေ့တာကြောင့် မျက်ခုံးတွေကို အကုန်လုံးတွန့်ချိုးလိုက်မိကာ မကြိုက်ကြောင်း မျက်နှာမှာ အထင်သား ပေါ်အောင် ပြသနေသည်။

"ခင်ဗျာ လွန်လွန်းနေပြီး..ကျုပ်တစ်ယောက်လုံး ခင်ဗျာအိမ်မှာရှိနေတာတောင်..
ခင်ဗျာက ဘယ်ကအကောင်နှင့် သွားပျော်နေတာလဲ...အဟက် မိလို့ကတော့...ခင်ဗျာတော့ ထိမှာဘဲ....''

ခေတ်လိုက်မင်းမူမှာ ကိုယ့်ကို ဒီလိုအချိုးမျိုး ချိုးသွားခဲ့သည့် ထိုလူသားကို တစ်ခုခုလုပ်ပစ်လိုက်ချင်သည့်အထိ ဒေါသတွေ ထွက်နေမိသည်။ ဒါပေမဲ့ ထိုလူသားက အပျော်ကြိုက်လို့ သူငယ်ချင်းဆီ အလည်သွားနေတာလည်း ဖြစ်နိုင်တာဘဲဆိုပြီး ခြံရှေ့မှာသာ ကားရပ်ပြီး ကားပေါ်တွင် ထိုင်စောင့်နေလိုက်သည်။

ခေတ်လိုက် ထိုလူသားရဲ့စိတ်ကို ရယူဖို့ ကြိုးစားနေတာမလို့ ကြိုးစားနေချိန်မှာတော့ သူ အမှားမခံနိုင်ပေ။ ထိုလူသားကို ချစ်မိနေပြီးလားလို့ မေးလာခဲ့ရင်လည်း သူ့မှာ ဖြေပေးဖို့ အဖြေ သေသေချာချာမရှိသေးပေ။
ခေတ်လိုက်မှာ ကားထဲ အသင့်ပါလာသော ဘီယာကို ဖောက်ကာ ထိုင်သောက်နေသည်။

ပြီးတော့ အခုလို ရုတ်တရက်ပျောက်ကွယ်သွားသည့် ထိုလူသားကိုလည်း သူမှတ်သားလောက်တဲ့အထိ အပြစ်ပေးလိုက်ချင်မိသည်။ ထိုငိစောင့်နေရင်း ထိုလူသားနဲ့ သူ ဆုံတွေးခဲ့ရသည့် အကြောင်းကနေ တဖြည်းဖြည်း ပြန်တွေးနေလိုက်သည်။

ဝန်းစေရာက တစ်ရက်လာပြီး ပျောက်သွားတဲ့ နှောင်းကို သွားပြောဖို့ နှောင်းတို့အိမ်ကို မောင်းလာခဲ့သည်။ နှောင်းတို့အိမ်ရှေ့ရောက်တော့ ကားပေါ်ကနေ လူတစ်ယောက် ဆင်းလာတာကို တွေ့လိုက်သည်။ အဲ့လူက နှောင်းကို ပြဿနာရှာတဲ့ကောင်ဘဲ။

ခေတ်လိုက်မှာ နှောင်းပြန်လာပြီးအထင်နှင့် ကားပေါ်ကနေ ဆင်းလာကာ ကြည့်တော့
နှောင်းမပါဘဲ ထိုလူရဲ့ သူငယ်ချင်းတစ်ယောက်သာ ရောက်လာတာကြောင့် မျက်မှောင့်ကြုတ်လိုက်မိပြန်သည်။ ပြီးတော့ နှောင်းရဲ့ သူငယ်ချင်းဖြစ်သူကို သူမေးလိုက်သည်။

𝚁𝚎𝚊𝚍𝚢 𝚝𝚘 𝚋𝚎 𝚖𝚒𝚗𝚎 (𝚘𝚛) 𝙽𝚘𝚝 { 𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙 }Where stories live. Discover now