Chapter-25 ( U + Z )

3.3K 80 9
                                    


Unicode

အခန်းထဲသို့ ဖြာကျနေသော အလင်းရောင်တွေမှာ နှောင်းခေတ်ရဲ့ မျက်နှာပေါ်တွင် ဖြာကျလျက်။ နှောင်းခေတ်ကလည်း အလင်းရောင်ကြောင့် မျက်လုံးကို ဆက်မမှိတ်ထားနိုင်တော့ဘဲ ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်သည်။ ပြီးတော့ အနားက အိပ်ရာကိုလည်း လက်ဖြင့် စမ်းလိုက်သည်။

"အေးစက်နေတာဘဲ..ညက ဟိုကောင်လေး လာသွားတာ အိပ်မက်ဘဲဖြစ်မယ်...''

နှောင်းခေတ် ထိုကဲ့သို့ ရေရွှတ်နေပြီး မျက်နှာသစ်ဖို့ ထဖို့အလုပ်မှာတင် သူရဲ့အောက်ပိုင်းတစ်ခုလုံးက ကျိုးကျမတတ် ရိုက်နှက်ထားသလိုမျိုးဖြင့် နာကျင်အောင့်တက်လာသည်။

"ကျွတ်..အာ့ နာလိုက်တာ...''

အောက်ပိုင်းနာကျင်လာမှ နှောင်းခေတ်မှာ ကိုယ့်ရဲ့ကိုယ်ပေါ်တွင် အဝတ်တစ်စိုးတစမျှ မရှိတော့ပေ ဝတ်လစ်စလစ်ဖြစ်နေတာကို သတိထားလိုက်မိသည်။

"ဟင်..တကယ်လုပ်သွားတာလား...''

နှောင်းခေတ်က ညက အကြောင်းအရာတွေကို တစ်ခုချင်းဆီ ပြန်တွေးကြည့်တော့ သိလိုက်ရသည်။ ညက ဟိုကောင်လေး သူ့ကို သတိလစ်သည်အထိ ဆက်ဆံသွားခဲ့သည်ကို ။ သူ့ဘဝမှာ ဒီလိုမျိုး ဆက်ဆံနေချိန် သတိလစ်ရိုးတမ်းမရှိခဲ့ဖူးပေ။ အခု ဒီကောင်လေးနှင့်ထိမှ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သည့်အဆင့်မဟုတ်တော့ဘဲ သတိလစ်သည့်အဆင့်ထိ ရောက်သွားခဲ့ခြင်းဖြစ်သည်။

"ကြမ်းချက်..လူကို ဘာထင်နေလဲမသိဘူး..''

အောင့်သက်သက်နှင့် နည်းနည်းလှုပ်ရှားမိရင်ဖြင့် နာကျင်လာတတ်တဲ့ အောက်ပိုင်းကိုယ်ကြောင့် နှောင်းခေတ် ငိုချင်ချင် ဖြစ်သွားမိသည်။ ဒီနေ့ သူ စာသွားသင်လို့ နိုင်မှာ မဟုတ်တော့ဘူးထင်တယ်။

နှောင်းခေတ် မျက်နှာမှာ နာကျင်မှုကြောင့် စူပုတ်နေကာ ခေတ်လိုက်ကို မကျေမနပ်ဖြစ်နေတဲ့ ပုံစံမျိုးဖြင့် နှုတ်ခမ်းကို စူထားလျှက်သာ ခုတင်ပေါ်တွင် ခြေဆင်းထိုင်နေသည်။

နှောင်းခေတ်မှာ ရေချိုးခန်းကို သွားဖို့ ဖြည်းညင်းစွာ နည်းနည်းချင်း လျှောက်လာသည်။ ဒါပေမဲ့ မှန်တင်ခုံရှေ့ရောက်တော့ သူ ခဏနားရမှာပင်။ ဘာလို့ဆို အရမ်းနာကျင်နေသလို လှုပ်ရှားတိုင်းကလည်း စပ်စပ်ကြီးနဲ့ အဆင်မပြေနေတာ ဖြစ်သည်။

𝚁𝚎𝚊𝚍𝚢 𝚝𝚘 𝚋𝚎 𝚖𝚒𝚗𝚎 (𝚘𝚛) 𝙽𝚘𝚝 { 𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙 }Where stories live. Discover now