Chapter- 39 ( U + Z )

2.8K 70 8
                                    


Unicode

အခုတော့ ခေတ်လိုက်နဲ့ နှောင်းခေတ်တို့ လက်စွပ်အတူ ဝတ်ဆင်ပေးရမည့်အချိန် ဆိုက်ရောက်လာပြီးဖြစ်တယ်။ ဒါပေမဲ့
လက်စွပ် မဝတ်ပေးကျခင် ခေတ်လိုက်ရဲ့
အကြိုက်ဆုံးအချက်တစ်ခုကို နှောင်းခေတ်နဲ့အတူ လုပ်ဖို့ စီစဥ်ထားပြီးသားဖြစ်သည်။
ထိုအချက်က ဘာလဲဆိုရင် လက်စွပ်မဝတ်ခင် တစ်ယောက်နဲ့ ဘယ်လောက်အထိ ပိုင်ဆိုင်ချင်ကြောင်း ဘယ်လောက်အထိ ချစ်မိနေကြပြီးဖြစ်ကြောင်း တက်ရောက်လာကြသည့် ဧည့်သည်တွေ သိအောင် မိုက်နဲ့
တစ်ယောက်တစ်လှည့် ချစ်ကြောင်း ပြောပြီးမှ အကြင်ပေါင်းဖက်သူ လင်းမယားနှစ်ယောက်အနေဖြင့် လက်စွပ်အတူ ဝတ်ပေးရင်း အနမ်းတွေလည်း ပေးကြရမှာ ဖြစ်သည်။

ဒါက သူရဲ့အပိုင်ကိုမှ ငမ်းချင်နေတဲ့လူတွေ
နှလုံးသားကြေကွဲစေတဲ့နည်းလည်းဖြစ်သည်။ ဘာလို့​ကြေကွဲရမလဲလို့မေးရင်
သူရဲ့အပိုင် လူသားလေးက သူ့ကိုဘဲ
ချစ်တယ်လို့ လူအများလယ်ဖွင့်ပြောလိုက်တာကြောင့် အဆင့်ကျော် ခြံခုန်ချင်နေတဲ့
လူတွေအတွက် လက်လျှော့လက်လွတ်စေဖို့
စီစဥ်ပေးတဲ့ အစီအစဥ်တစ်ခုလည်း ဖြစ်သည်။

သူအဲ့လောက်တောင် လုပ်ထားတာတောင်မှ
သူ့ရဲ့အပိုင်လူသားလေးကို ချဥ်းကပ်နေသေးရင် အဲ့ချဥ်းကပ်တဲ့လူ သူရဲ့အပိုင်ဆီ မချဥ်းကပ်လာနိုင်ဖို့ ခေတ်လိုက် ခြေထောက်ကျိုးသွားသည်အထိ ဆုံးမပေးနိုင်သည်။
အဲ့အခါကျမှ သူ့ရဲ့အဆိုးလို့ မသတ်မှတ်ကျနဲ့ပေါ့။ သူရဲ့ အလှနတ်သားနောက်မှာ
အရိပ်လို ကာကွယ်ပေးမယ့် သူ့လို နတ်ဆိုးကြီးတစ်ကောင်က အမြဲတမ်းရှိနေမှာဘဲ ဖြစ်သည်။

စီစဥ်ထားသလိုဘဲ ခေတ်လိုက် ဘေးကလူကို မျက်စပစ်လိုက်သည်။ ထိုလူက အလိုက်သိစွာ ခေတ်လိုက်နဲ့နှောင်းခေတ်အတွက်
Couple mic ယူလာပေးသည်။ ခေတ်လိုက်အတွက်က အနက်ရောင်ဖြစ်ပြီး နှောင်းခေတ်အတွက် အဖြူရောင်ဖြစ်သည်။

"နှောင်း...မောင်ပြောတာကို နှောင်း အရင်နားထောင်ပြီး..နှောင်း အလှည့်ကျရင်လည်း
မောင် နှလုံးသားထဲ စီးဝင်သွားသည်အထိ
အကောင်းဆုံးဖြစ်အောင် ပြောပေးနော်...''

𝚁𝚎𝚊𝚍𝚢 𝚝𝚘 𝚋𝚎 𝚖𝚒𝚗𝚎 (𝚘𝚛) 𝙽𝚘𝚝 { 𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙 }Where stories live. Discover now