Chapter-20 ( U + Z )

4K 94 4
                                    


Unicode

ထွက်ခွာသွားသည့် ကျောပြင်ကို ကြည့်ကာ ခေတ်လိုက်မှာ ကွဲနေသော နှုတ်ခမ်းကို လျှာဖြင့် ယက်လိုက်ပြီး တခြားသူတစ်ယောက်လက်ကို တွဲကာ သူ့ကို လုံးဝ လှည့်မကြည့်တော့သည့် ထိုလူသားကြောင့် ခေတ်လိုက်မှာ မကျေနပ် ဖြစ်နေမိသည်။

အနည်းဆုံးသော သူ့ကို အရေးလုပ်သင့်တယ်မလား။ အခုတော့ သူ့ကိုတောင် မသိချင် ဟန်ဆောင်ပြီး ဒေါသထွက်ပြနေတဲ့ ထိုလူသားကို တစ်ခြားသူတစ်ယောက်နှင့် အတူ ထွက်သွားတာဟာ သူရဲ့ ထိန်းချုပ်ထားတဲ့ ဒေါသတွေကို တမင် နှိုးစွနေသလိုမျိုး။

"ခင်ဗျာ သူငယ်ချင်းက..ကျုပ်ကိုထိုးထားတာတောင် လှည့်မကြည့်ပါလား..အဟက် ရယ်စရာသိပ်ကောင်းတယ်...ဘာမှ မဖြစ်တဲ့လူကျ ဆွဲခေါ်သွားပြီး..အထိုးခံရတဲ့ ကျုပ်က အခု ဒီမှာရပ်ပြီး ကျန်နေရတာ...''

သူအတွေးထဲမှာ ထိုလူသား ခေါ်ဆောင်သွားရမည့်လူက သူဘဲ ဖြစ်နေသင့်တယ်လို့ သူထင်သည်။ အခုတော့ ဒဏ်ရာရသွားခဲ့သည့် သူ့ကိုတောင် လျစ်လျူရှူနိုင်တဲ့အထိ ထိုလူ ဖြစ်ပျက်နေရတာ အဲ့ ဘဲကြီးက ဘယ်လောက်အထိ အရေးပါနေလို့လဲ။
သူ မသိသေးတာ တစ်ခုခုတော့ တစ်ခုခုဘဲဟု ခေတ်လိုက် ထင်သည်။

မသက်သာ ဖြစ်နေတဲ့ ခေတ်လိုက်မျက်နှာကို မြင်သွားသည့် မေရဏီပန်က စိုးရိမ်စွာဖြင့် မေးလာသည်။

"ခေတ်..နှုတ်ခမ်းက ဘာလို့ ကွဲနေတာလဲဟင်..''

သူမ ပြန်လာချင်း တွေ့လိုက်ရတဲ့ ခေတ်လိုက်ရဲ့ မအီမသာ မျက်နှာနှင့် တွန့်ချိုးထားတဲ့ မျက်ခုံးတွေကြောင့် သူမက စိုးရိမ်ပူပန်မှုအပြည့်နှင့် မေးလိုက်ပေမဲ့ ဒေါသကို ထိန်းချုပ်ထားရတဲ့ ခေတ်လိုက်မှာ သူမအပေါ်ကို ဒေါသတွေ ပုံချလာတော့သည်။

"ဘာလို့ အဲ့လောက်ထိ ကြာနေတာလဲ..လူတိုင်းက မင်းလို အားနေတာ မဟုတ်ဘူး..
စိတ်ရှုပ်ဖို့ကောင်းတယ်..ခင်ဗျာတို့လို မိန်းကလေးတွေ..''

ကိုယ်စိုးရိမ်လို့ ပူပန်မှုနှင့် မေးလိုက်ပေမဲ့ ခေတ်လိုက်ဆီက အဆူခံထိတော့ ဏီမှာ သူမရဲ့ လက်သီးကို ခပ်တင်းတင်းဆုပ်လိုက်မိသည်။ ပြီးတော့ ခေတ်လိုက်က သူမကို မစောင့်တော့ဘဲ ကားအပေါ် အရင်တက်သွားနေပြီး ဖြစ်သည်။ သူမသာ ဒီနေရာမှာ ရပ်ပြီး ဒေါသထွက်နေရင် ခေတ်လိုက်ဆီက အဆူခံရမှာ သိတာ​ကြောင့် အမြန်ပင် ကားထဲကို ဝင်လာခဲ့သည်။

𝚁𝚎𝚊𝚍𝚢 𝚝𝚘 𝚋𝚎 𝚖𝚒𝚗𝚎 (𝚘𝚛) 𝙽𝚘𝚝 { 𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙 }Where stories live. Discover now