Unicodeနှောင်းခေတ်တစ်ယောက် သေနတ်ဒဏ်ကြောင့် မှိန်းနေတဲ့ ခေတ်လိုက်ကို စိတ်ပူစွာ
လှည့်ကြည့်ရင်း ဆေးရုံအမြန်ရောက်ဖို့ကိုသာ
မောင်းနှင်နေရသည်။ အရေးပေါ်ကား
ခေါ်ရဖို့ကလည်း နှောင်းခေတ်ဆီမှာ
ဖုန်းနံပါတ်မရှိပေ။ အဲ့ကြောင့် အခုလိုမျိုး
ဖြစ်လာတဲ့ အချိန်မှာတော့ သူ့မှာ အသားတွေ
တဆက်ဆက်တုန်နေမိကာ ခေတ်လိုက်ကို
အရမ်းစိတ်ပူနေတော့သည်။ကိုယ့်မျက်စီးရှေ့ ကိုယ့်ကိုကာကွယ်ပေးလို့
ကိုယ့်အစား သေနတ်ထိမှန်သွားသည့်
ခေတ်လိုက်ကို နှောင်းခေတ်က စိတ်မပူဘဲ
နေရသည့်အထိတော့ သူ့မှာ အဲ့လောက်ထိ
မအေးစက်ပေ။ ထို့ကြောင့် လန့်ခြင်းနှင့်အတူ
ဖြာယာခတ်စွာဖြင့် လမ်းတစ်ခုပြီးတစ်ခု
ဖြတ်ကျော်လာခဲ့သည်။အခု ဆေးရုံဆီကို နှောင်းခေတ် မောင်းလာတတ်တာကလည်း အရင်က အဖေနှင့်အတူ
အမေကို ပို့ချိန်မှာ လိုက်လာခဲ့ခြင်းပင်ဖြစ်သည်။ နှောင်းခေတ်တစ်ယောက်
ဆေးနံ့တွေ မကြိုက်ပေမဲ့လည်း အခု ကိုယ့်ကြောင့် ခေတ်လိုက် ထိသွားသဖြင့်
ဘာမှကို မတွေးနိုင်တော့ဘဲ ခေတ်လိုက်ကို ဆေးရုံအမှီသာ ပို့နိုင်ရန် ကြိုးစားနေတော့သည်။နှောင်းခေတ်ဆီ ကံကောင်းတဲ့အချက်တစ်ခုက သူ့မှာ ကားကို ပိုင်ပိုင်နိုင်နိုင်
ကျွမ်းကျင်စွာ မောင်းနှင်နိုင်တာကြောင့်ဖြစ်သည်။"မောင်..ခဏလေးဘဲနော်..
ရောက်တော့မယ်...''ဖြတ်လမ်းကနေ နှောင်းခေတ်မောင်းလာခဲ့တာကြောင့် အချိန်အကြာကြီးတော့မလိုပေ။
ဒါပေမဲ့ သေနတ်မှန်သွားသည့်နေရာကို
သွေးမထွက်စေဖို့ ဖိထားတဲ့ မောင့်မျက်နှာကို
သူမြင်ရတဲ့အချိန် စိတ်မကောင်းဖြစ်မိပြန်သည်။"အီးဟီး...မောင် ငါကြောင့် မင်းနာနေတာ
ငါမမြင်ချင်ဘူး...နောက်တစ်ခါ သူတို့ငါ့ကို ပစ်ချင်ရင် ငါ့ကိုဘဲ ပေးပစ်ခိုင်းလိုက်...
ဘာမှ မဆိုင်တဲ့မင်းကို ငါကြောင့်နဲ့
အနာကျင်မခံနိုင်ဘူး....''အိမ်ကနေ ထွက်လာကတည်းက ငိုလာခဲ့တဲ့
ထိုလူသားကို ခေတ်လိုက် ကြည့်နေမိသည်။
သူကြောင့်ပါလို့ စိတ်မကောင်းဖြစ်နေတဲ့
မျက်နှာလေးနှင့် ကိုယ်ကို စိတ်ပူပေးနေသည့်
ထိုလူသားလေးကို သူနမ်းပစ်လိုက်ချင်သည်။
YOU ARE READING
𝚁𝚎𝚊𝚍𝚢 𝚝𝚘 𝚋𝚎 𝚖𝚒𝚗𝚎 (𝚘𝚛) 𝙽𝚘𝚝 { 𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙 }
Romance𝗪𝗮𝗿𝗻𝗶𝗻𝗴 [𝟭𝟴+] 𝗣𝗼𝘀𝘀𝗲𝘀𝘀𝗶𝘃𝗲 𝗧𝘆𝗽𝗲 𝗳𝗶𝗰🚨 ခေတ်လိုက်မင်းမူ+နှောင်းခေတ်မဟာဆန်