Chapter-41 ( U + Z )

2.7K 61 9
                                    


Unicode

တိုက်ခန်းတစ်ခုနှင့်တစ်ခုကြားက လမ်းတွေမှာရှိသော ကားသွားကားလာ ဆူညံသံတွေကြောင့် မေရဏီပန်တစ်ယောက် ဒေါသဖြစ်စွာဖြင့် မကြည်မလင် နိုးထလာရသည်။
ညက ခေတ်လိုက်နှင့် နှောင်းခေတ်တို့ရဲ့
မင်္ဂလာပွဲကို သူမ သွားစောင့်ကြည့်ထားတာ​ကြောင့် မနက်မိုးလင်းခါနီးမှ တိုက်ခန်းပြန်လာခဲ့တာကြောင့် သူမအတွက် အိပ်ချိန်ကနည်းနေသည်။

သူမ စောင့်ကြည့်ရတဲ့အကြောင်းအရင်းက
အခွင့်ရရင်ရသလို ပြဿနာလုပ်ဖို့ဖြစ်ပြီး
ထိုမင်္ဂလာပွဲ ပျက်သွားစေဖို့ဖြစ်တယ်။
ဒါပေမဲ့ ဉာဏ်များတဲ့ သူမထက် ဉာဏ်ကောင်းတဲ့ ခေတ်လိုက်က အိမ်အပြင် အိမ်အတွင်း နှောင်းခေတ်တို့ အိမ်လာတဲ့ အပြင်လမ်းအထိ လုံခြုံရေးများ စောင့်စေခဲ့တာကြောင့် မေရဏီပန်အတွက်က အခက်တွေ့စေခဲ့သည်။

အဲ့လိုဖြင့် အကြံစည်နှင့်ရောက်လာသော သူမက လွယ်လွယ်အရှုံးမပေးချင်တာကြောင့်
လုံခြုံရေးများကို ဖြတ်ကာ နှောင်းခေတ်တို့အိမ်အနားက သစ်ပင်ပေါ်တက်ပြီး အိမ်ထဲ ကျင်းပနေသော မင်္ဂလာပွဲကို သစ်ပင်ပေါ်ကနေ ကြည့်ခဲ့သည်။ ပြီးတော့ နှောင်းခေတ်ရဲ့ရှက်နေသော မျက်နှာ ပျော်နေသော မျက်နှာထားကိုလည်း မှန်ဘီးလူးဖြင့် ကြည့်လာသော မေရဏီပန်က အကုန်လုံးတွေ့နေရသည်။

"သူခိုးက ပျော်လို့...''

ထိုစကားကို ပျော်နေသောနှောင်းခေတ်မျက်နှာကို မေရဏီပန်ကြည့်ရင်း နှာခေါင်းရှုံသလိုဖြင့် ပြောလေသည်။ ပြီးတော့ သစ်ပင်ပေါ်ကနေ ဆင်းကာ အိမ်ထဲဝင်လို့ရမည့် လမ်းကို ရှာလေသည်။ မေရဏီပန်က လူတစ်ယောက်ကို ခေါ်ထားပြီး စောင့်နေသော လုံခြုံရေးတွေကို အရက်သွားပေးစေသည်။
ထိုထဲမှာ အိပ်ပျော်ဆေးကိုလည်း အရက်နှင့်အတူ ထည့်ထားတယ်။ ဒါပေမဲ့ ထိုအကြံအစည်က လုံးဝအောင်မြင်မှုမရပေ။
ဘာလို့လဲဆိုရင် ခေတ်လိုက် အစောင့်ချထားသော လုံခြုံရေးတွေက သိပ်ကိုမှပါးနပ်ကျသလို မေရဏီပန် ပေးစေခဲ့သော အရက်ကိုလည်း လုံးဝမသောက်ကျဘဲ တာဝန်ကျေပွန်စွာ ဟိုဘက်သွားလိုက် ဒီဘက်လာလိုက်
ကင်းလှည့်နေတာကြောင့် အိမ်ထဲသို့ ဝင်ဖို့ ကြိုးစားနေသော မေရဏီပန်မှာ ခေါင်းစားနေရတော့သည်။

𝚁𝚎𝚊𝚍𝚢 𝚝𝚘 𝚋𝚎 𝚖𝚒𝚗𝚎 (𝚘𝚛) 𝙽𝚘𝚝 { 𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙 }Where stories live. Discover now