Unicode
အချိန်အတော်ကြာ နှစ်ယောက် တစ်ကမ္ဘာတည်လိုက်သော လင်မယားနှစ်ယောက်တော့ လူတွေအကုန်လုံး ပြန်သွားကြတဲ့အချိန်မှ အောက်ထပ်ကို ဆင်းလာကြသည်။
နှောင်းခေတ်ဘက်က အဝတ်လဲပြီးတာနှင့်
ဆင်းမယ်လို့ ပြောထားပေမဲ့ ခေတ်လိုက်က သူ့ကိုသဝန်တိုအောင်လုပ်လို့ တာဝန်ယူရမယ်ဆိုပြီး နမ်းပစ်လိုက်တာ နှောင်းခေတ်ရဲ့ နှုတ်ခမ်းနှစ်ခုလုံး ကျိန်းစပ်သွားသည့်အထိပင်။မထင်ရင်မထင်သလို နှောင်းခေတ်ရဲ့ နှုတ်ခမ်းတွေကို ကိုက်တတ်သော ခေတ်လိုက်က သူ့အသည်းယားလာချိန်ဆို နှောင်းခေတ်တစ်ယောက် အငြိမ်မနေရတော့ပေ။
နှောင်းခေတ် ရင်ခွင်ထဲကို ကြောင်လေးတစ်ကောင်လို တိုးဝှေ့ပွတ်သပ်ဝင်လာပြီး ကပ်ချွဲတော့သည်။ ဟိုဟာလုပ်ရင် ဘယ်လိုမကြိုက်ကြောင်း၊ ဒီဟာလုပ်ရင် ဘယ်လိုမကြိုက်ကြောင်း အလိုမကျသလို နှုတ်ခမ်းတစ်စုံကို ဆူထုတ်ထားကာ မကျေမနပ် ဆုံးမနေသော ခေတ်လိုက်က နှောင်းခေတ်အတွက် ကလေးထက်မပိုပင်။မောင်က အဲ့လိုဖြစ်ရအောင် ကလေးလားလို့မေးရဲမေးကြည့်၊ နှောင်းခေတ် အဲ့လိုမေးတဲ့နေ့ဆို ထိုနေ့က ခုတင်ကျိုးရမည့်နေ့ပင် ဖြစ်ရမည်။ သူ့ကိုများ ကလေးလို့ သတ်မှတ်ထားသလားဆိုတဲ့ အကြောင်းပြချက်နှင့် နှောင်းခေတ်ကို ယုတ်မာဖို့ အမြဲတမ်း အကြောင်းပြချက်ရှာနေတဲ့ ကောက်ကျစ်တတ်သော မြေခွေးက ခေတ်လိုက်ပင်။
နှောင်းခေတ်ကို စားဖို့ သွားရည်တမြှားမြှား ချောင်းကြည့်နေတာ နှောင်းခေတ် မသိဘဲ နေပါ့မလား။ အခုတစ်ခေါက်ကလည်း မောင့်သူငယ်ချင်းတွေ ပြန်ကုန်ကြပြီးဆိုတဲ့အထင်နှင့် အတိုအပြတ်နှင့် အောက်ထပ်ဆင်းလာခဲ့တာ။ အဲ့ဒါကိုမှ သဝန်တိုသွားတယ်ဆိုပြီး အကြောင်းပြချက်ရသွားတဲ့ ခေတ်လိုက်က သူ့အလိုကိုသာ မလိုက်ရင် တစ်နေ့လုံး လူဆိုးစိတ်ပုတ်လုပ်နေအုံးမှာပါ။"နောက်ခါ..အဲ့လိုမဝတ်နဲ့။
"ဘာဖြစ်လို့...''
"မောင်မကြိုက်ဘူး...''
"ဟုတ်လို့လား....''
နှောင်းခေတ်က မောင်မကြိုက်ဘူးဆိုတာ သေချာလားဆိုတဲ့အကြည့်နှင့် သံရှည်ဆွဲကာ မေးလိုက်သည်။ နှောင်းခေတ် အဲ့လိုမေးတော့ မောင်က သူ့လည်တိုင်ကို သူပွတ်သပ်လာပြီး နှောင်းခေတ်ကို တစ်ခုခုပြောဖို့ ကြိုးစားနေဟန် ပါးစပ်ကလည်း လှုပ်စိလှုပ်စိနဲ့။
YOU ARE READING
𝚁𝚎𝚊𝚍𝚢 𝚝𝚘 𝚋𝚎 𝚖𝚒𝚗𝚎 (𝚘𝚛) 𝙽𝚘𝚝 { 𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙 }
Romance𝗪𝗮𝗿𝗻𝗶𝗻𝗴 [𝟭𝟴+] 𝗣𝗼𝘀𝘀𝗲𝘀𝘀𝗶𝘃𝗲 𝗧𝘆𝗽𝗲 𝗳𝗶𝗰🚨 ခေတ်လိုက်မင်းမူ+နှောင်းခေတ်မဟာဆန်