Chapter-52 ( U + Z )

1.2K 27 0
                                    


Unicode

"နှောင်း..လာ.. မောင်တို့အထဲဝင်ရအောင်.. ''

ဝရံတာတွင် ရှိနေသော ခေတ်လိုက်နှင့် နှောင်းခေတ်တို့က အချိန်တစ်ခုကြာသည်အထိ
နေဘက်ကို မျက်နှာမူကာ ရပ်နေကြရင်း
ခေတ်လိုက် ထိုကဲ့သို့ပြောလိုက်ခြင်း ဖြစ်သည်။

"မနက်စာစားပြီးရင်...ဆေးသောက်ရမယ်..
ကြားလား....''

ခေတ်လိုက် အဲ့လိုပြောလိုက်တဲ့အချိန်
နှောင်းခေတ် တစ်ယောက် မျက်လုံးပြူးသွားရသည်။

"ဘယ်လို..ဆေးသောက်ရမယ်...
ငါမသောက်ဘူးနော်...ငါအခု နေကောင်းနေပြီးသားကို....''

"ဒါဆိုရင်...မောင့်ကို မှတ်မိပြီးပေါ့...''

ခေတ်လိုက် သိသိကြီးနဲ့ အဲ့လို မေးလိုက်တဲ့အခါ ထိုလူသားက တိတ်ဆိတ်သွားတော့သည်။ ပြီးတော့ အလိုမကျသလိုဖြင့်
မျက်ခုံးလေးတွေကိုလည်း တွန့်ချိုးထားလိုက်ပြီး နှုတ်ခမ်းကလည်း မဆိုစလောက်လေး ဆူထွက်လာသည်။

"အဲ့ရုပ်က ဘာဖြစ်တာလဲဟမ်.....''

ခေတ်လိုက်က နှောင်းခေတ်ပါးနှစ်ဖက်ကို
ညစ်ကိုင်ကာ မေးတော့ ထိုလူသားက
ပြန်ပြောလာသည်။

"ငါ..ဆေးမသောက်ချင်ဘူး..ရမလားဟင်...
ဆေးက အရမ်းလည်းခါးတယ်...မြိုချဖို့လည်း အရမ်းခက်တယ်..တစ်ချို့အချိန် ငါတကယ်ဆေးသောက်ရရင် ရေနှင့်ရောပြီး တစ်ခါတည်း မြိုချတာ...တစ်ခါတစ်လေ ဗိုက်ထဲ ရေဘဲဝင်သွားတာ...ဆေးက မဝင်သွားဘူး.. အဲ့လိုကြောင့်မလို့ပါ....''

အခုချိန် ခေတ်လိုက်ကို နှောင်းခေတ်က
မမှတ်မိပေမဲ့လည်း ရင်းနှီးနေတဲ့ နှလုံးသားရဲ့
စေရာအတိုင်းဘဲ ခေတ်လိုက်ကို တရင်းတနှီးပြောနေ၏။

"နှောင်းရာ...''

ခေတ်လိုက်မှာတော့ ရယ်ချင်နေပေမဲ့လည်း
အောင့်အီးထားရသည်။ တကယ်လို့ သူအသံထွက်ပြီး ရယ်လိုက်မိရင် ထိုလူသား သူ့ကို စိတိဆိုးမှာ သေချာတယ်။ အခု ထိုလူသားက သူ့အခက်အခဲကို သူ ပြောပြနေတဲ့အချိန်မှာ တအား အသည်းယားဖို့ကောင်းနေတယ်ဆိုတာကို ထိုလူသားကများ မသိတာလား။

ဆေးမသောက်ချင်လို့ ခွင့်တောင်းနေသလိုမျိုး သူ့ကို စိုက်ကြည့်လာတဲ့ ဝိုင်းစက်စက်မျက်ဝန်းလေးတွေနှင့် မျက်တောင်ရှည်တွေကြားက ငွေရောင်သဖွယ် အခန်းထဲ တိုးဝင်လာတဲ့ နေအလင်းရောင်နှင့် ထိတွေ့မိလျှင်
တစ်ခါတစ်ခါ လက်သွားတက်တဲ့
ထိုလူသားရဲ့ မျက်ရည်ကြည်လေးတွေ။

𝚁𝚎𝚊𝚍𝚢 𝚝𝚘 𝚋𝚎 𝚖𝚒𝚗𝚎 (𝚘𝚛) 𝙽𝚘𝚝 { 𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙 }Where stories live. Discover now