Chapter-59 ( U + Z )

1.1K 23 0
                                    


Unicode

ငြိမ်သက်စွာ အိပ်ပျော်နေသော နှောင်းခေတ်ရဲ့ မျက်နှာပေါ်မှာ စိုးရိမ်နေသော အရိပ်အယောင်တွေ ဖြစ်ပေါ်လာသည်။
ဒါဟာ နှောင်းခေတ်ရဲ့ အိပ်မက်တွေကြောင့်
သူ့မျက်နှာပေါ်မှာလည်း ခံစားချက်တွေ ပေါ်လွင်နေခြင်းဖြစ်သည်။

နှောင်းခေတ်ရဲ့ ရှူပ်ထွေးနေသော စိတ်အစဥ်နှင့် ​ကိုယ်ထဲ မြန်ဆန်စွာပြောင်းလဲနေသော
ဟော်မုန်းတွေကလည်း နှောင်းခေတ်ရဲ့
အိပ်မက်ကို ပိုပြီးကြောက်စရာကောင်းအောင်ဖန်တီးပေးနေသလိုမျိုး ဖြစ်နေသည်။
မဟော်မုန်းပိုများလာခြင်းက နှောင်းခေတ်ကို မိန်းကလေးတစ်ယောက်ကဲ့သို့ ထိရှလွယ်ခြင်း၊ နူးညံ့ခြင်း၊ ကိုယ်ချစ်တဲ့လူတွေအပေါ် ပိုပြီး စိတ်ပူတတ်လာခြင်း၊ ကိုယ်ချစ်ရသူကို အနားမှာ ရှိစေလိုခြင်း အစသဖြင့် မိန်းကလေးကဲ့သို့ ခံစားချက်တွေအားလုံးက
နှောင်းခေတ်ကို ထိန်းချုပ်ထားသည်။

ဒိုင်း!!!

ခေတ်လိုက်တို့ လေ့ကျင့်တဲ့နေရာကနေ ထွက်ပေါ်လာသော သေနတ်အသံတွေက
နှောင်းခေတ်ရဲ့ အိပ်မက်ကို ပိုကြောက်လန့်စေသည်။

"မဟုတ်ဘူး!!

ခေါင်းကို ဟိုဘက်ဒီဘက် ခါယမ်းရင်း မဟုတ်ဘူးလို့ နှောင်းခေတ်က တဖွဖွပြောနေသည်။ သူ့ရဲ့အိပ်မက်ထဲတွင် ခေတ်လိုက်နှင့် သူ့ကို တစ်ယောက်ယောက်က အန္တရာယ်ပေးဖို့ လိုက်လာနေခြင်းဖြစ်သည်။

"နှောင်း..ခင်ဗျာအရင်ပြေးသွား...''

"ဟအင့်..မောင်..ငါက မောင်နှင့်ဘဲ အတူနေခဲ့မှာ...''

"ကျစ့်..မဆိုးနဲ့လေဗျာ..နှောင်းရယ်..
မောင့်ကို ချစ်ရင် အရင်သွားနေ..မောင် နောက်ကနေ လိုက်လာခဲ့ပါ့မယ်...''

တကယ့်အစစ်မှန်လို ခံစားချက်မျိုးစုံပေးနေသော ၎င်းအိပ်မက်ကို နှောင်းခေတ်က
အမှန်လား အိပ်မက်လားဆိုတာကိုတောင်
ခွဲခြားနိုင်စွမ်းမရှိသည့်အထိ တကယ့်အစစ်မှန်နှင့် တူလွန်းနေခဲ့သည်။

"တကယ်လိုက်လာခဲ့နော်..မောင်..
နှောင်းကြောင့်နဲ့ နောက်ထပ်တစ်ခါ အထိခိုက်မခံပါနဲ့တော့....''

𝚁𝚎𝚊𝚍𝚢 𝚝𝚘 𝚋𝚎 𝚖𝚒𝚗𝚎 (𝚘𝚛) 𝙽𝚘𝚝 { 𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙 }Where stories live. Discover now