Chapter-63 ( U + Z )

1K 19 0
                                    


Unicode

ရေချိုးပြီး ထွက်လာသော ခေတ်လိုက်ကို
နှောင်းခေတ်မြင်တော့ ဂနာမငြိမ်သလိုဖြင့်
တစ်ခုခုကို ဖုံးကွယ်ထားသလိုမျိုး
ခေတ်လိုက်ကို မသိစေလိုသော မျက်နှာအရိပ်အယောင်နှင့် ခေတ်လိုက်ရဲ့ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေသည်။ သူ့လက်ထဲ ရှိနေသော ဖုန်းကိုလည်း တင်းသထက် ပိုမိုတင်းကြပ်အောင် ဆုပ်ကိုင်ထားသည်။
တစ်ခုခု စိုးရိမ်နေသော အငွေ့အသက်တွေက
နှောင်းခေတ်ရဲ့ မျက်နှာပေါ်မှာ
ပေါ်လွင်နေသည်။

နှောင်းခေတ် ထိုကဲ့သို့ ဖြစ်နေတာကို ခေတ်လိုက်က သူမြင်သော စိုးရိမ်ဟန်ဖြင့် မေးလာသည်။

"နှောင်း..ခင်ဗျာ နေမကောင်းလို့လား...''

ခေတ်လိုက်မေးတော့ နှောင်းခေတ်က
ခေါင်းခါပြသည်။ ခေတ်လိုက်က ထိုလူသား နေမကောင်းမှာဆိုးလို့ နဖူးပြင်ကိုလည်း သူရဲ့လက်နှင့် စမ်းကြည့်လိုက်တယ်။
ဒါပေမဲ့ ကိုယ်ကတော့မပူ။ နဖူးတစ်ခုလုံးက
ချွေးတသီးသီး ဖြစ်နေသည်။

"ပူနေလို့လား..ရေပြန်ချိုးမလား..မောင် ရေစပ်ပေးမယ်...''

"ရတယ်မောင်..ငါဘာမှမဖြစ်ဘူး...''

လေသံတွေ ကတုန်ကယင်နဲ့ သူ့ကို  ပြန်ပြောလာသော ထိုလူသားကြောင့် ခေတ်လိုက်မှာ
မျက်မှောင့်ကြုတ်သွားမိသည်။ ထိုလူသားရဲ့
မျက်နှာကလည်း တစ်ခုခုကို လန့်ဖြတ်သွားလို့ ကြောက်နေသည့်ဟန် နေမကောင်းဖြစ်နေသည့် လူတစ်ယောက်အလား ဖြူဖက်ဖြူရော်ဖြစ်နေလေသည်။

"မောင့်ကို..တစ်ခုခုပြောစရာရှိလို့လား...''

ခေတ်လိုက်က ထိုလူသားအနားထိုင်ချလိုက်တော့ ထိုလူသားက နေရာရွေ့လိုက်သည်။
နေရာရွေ့ထိုင်လိုက်တဲ့ နှောင်းခေတ်ကို
ခေတ်လိုက်က နားမလည်သလို ကြည့်လာသည်။

နှောင်းခေတ်က မောင်သာ သူ့အနားလာထိုင်လို့ သူဖုန်းထဲကဟာတွေ မြင်သွားရင် ရွံ့သွားမလား။ တစ်ဖက်လူပြောသွားသလိုဘဲ
သူ့ရဲ့ အမှောင်ဘက်ခြမ်းကို မောင်ကများ
မြင်သွားရင် သူ့ကို စွန့်ပစ်လိုက်မှာလား။
မောင် သူ့ကို စွန့်ပစ်လိုက်မှာ သူသိပ်ကြောက်သည်။ အဲ့လိုဖြစ်လာရင်လည်း
သူ့နှလုံးသားက ခံစားလို့နိုင်မှာမဟုတ်ဘဲ
ရင်ကွဲပြီး ရူးသွားနိုင်သည်။

𝚁𝚎𝚊𝚍𝚢 𝚝𝚘 𝚋𝚎 𝚖𝚒𝚗𝚎 (𝚘𝚛) 𝙽𝚘𝚝 { 𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙 }Where stories live. Discover now