Chapter-19 ( U + Z )

4.1K 100 4
                                    


Unicode

နှောင်းခေတ်က ကိုယ့်အရှေ့မှာရပ်ပြီး အခုထိ အကြည့်မလွှဲဘဲ ကိုယ့်ကို တောက်ပနေသော မျက်လုံးများနှင့် နူးညံနေသယောင် စိုက်ကြည့်နေတဲ့ ကောင်းခကြယ်ကြောင့် သူ့မှာ တဖက်ကို မျက်နှာလှည့်လိုက်မိသည်။

ကောင်းခကြယ် ဒီလိုမျိုး စိုက်ကြည့်နေတာဟာ နှောင်းခေတ်က အရင်ငယ်ငယ်အချိန်တုန်းက အကြောင်းတွေကိုတောင် သတိရသွားမိတယ်။ သူတို့နှစ်ယောက်က သွားအတူ လာအတူ အမြဲတမ်းမခွဲ တပူးတွဲတွဲရှိနေတာကြောင့် အခြားလူတွေ အရမ်းလိုက်ဖက်တယ်လို့ စ ရာကနေ သူတို့နှစ်ယောက် အဆင့်တက်ခဲ့ကြပြီး ချစ်သူဘဝတွေ ရောက်သွားခဲ့ကြတယ်။

နှောင်းခေတ်က အဲ့အချိန်တုန်းမှာ ဆယ်ကျော်သက်လေးမလို့ ကိုယ့်အပေါ် ဂရုတစိုက်နှင့် အရိပ်တကြည့်ကြည့်
ချစ်ပေးနေသည့် ကောင်းခကြယ်ကို သူ အင်းမတန်မှ ချစ်ခဲ့ရသည်။ အဲ့လိုနှင့် စာဘက်မှာ နှောင်းခေတ် အာရုံမရတော့ဘဲ အချစ်နွံမှာ နစ်ခဲ့မိတာကြောင့် စာတော်တဲ့ ကောင်းခကြယ်က သူ့ထက် တစ်နှစ် ပိုကြီးသွားရသည်။

အဲ့အချိန်ကနေ ကွဲသွားကြတဲ့ သူတို့နှစ်ယောက်က မတွေ့ရတော့သလို လမ်းခွဲစကားကိုလည်း ဘယ်သူ့ကမှ အရင်မဆိုခဲ့ပေ။
ဒါက သူတို့နှစ်ယောက်ဟာ တစ်ယောက်နှင့်တစ်ယောက် ခဏလောက်ဝေးကြရပြီး ပြန်ဆုံကြတဲ့အချိန် ပြန်ချစ်လို့ရပါတယ်ဆိုတဲ့ သဘောကို ဖော်ဆောင်နေသည်။

အဲ့လိုကြောင့်မလို့ဘဲ နှောင်းခေတ်မှာ
အခု သူ့အနား အမှတ်မထင် ရောက်လာခဲ့သည့် ကောင်းခကြယ်ကြောင့် အံသြမိနေခြင်းဖြစ်သည်။ ပြီးတော့ သူ့ကို မထိတထိ စနေတာကလည်း သူရဲ့ တိတ်ဆိတ်နေတဲ့ ရင်ခုန်သံတွေကို ငယ်ရွယ်တဲ့အချိန်တုန်းကလို လတ်ဆတ်လာသလို ပြန်ပြီး နှိုးထလှုပ်ခတ်လာသည်။

ပါးတွေ နားတွေ နီရဲနေတဲ့ နှောင်းခေတ်ကို သူ့ကို ရှက်မှန်း ကောင်းခကြယ်သိတော့ သူကဘဲ နှောင်း နေရအဆင်ပြေသွားအောင် အရင်စပြီး စကားပြောလိုက်သည်။

"နှောင်း..ကိုယ်တို့ နောက်မှ ပြန်ဆုံကြမယ်နော်..''

နှောင်းခေတ်က ခေါင်းကို အသာငြိမ့်ပြပေးပြီး သူလည်း ပြောလိုက်သည်။

𝚁𝚎𝚊𝚍𝚢 𝚝𝚘 𝚋𝚎 𝚖𝚒𝚗𝚎 (𝚘𝚛) 𝙽𝚘𝚝 { 𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙 }Where stories live. Discover now