Chapter- 38 ( U + Z )

2.5K 63 5
                                    


Unicode

တီး!!
ကားဟွန်းသံကိုကြားရတဲ့အခါ
ထိုင်နေတဲ့ နှောင်းခေတ်နှင့် ခေတ်လိုက်တို့ ထလာကြသည်။ ခေတ်လိုက်ကတော့ နှောင်းခေတ်ရဲ့ လက်ကို မလွတ်တမ်း ကိုင်ထားရင်း
အပြင်ကို နှစ်ယောက်စလုံး အတူ ထွက်လာကြသည်။

"မောင်..ဒီနေ့က တကယ်ဘဲ...
နှောင်းနှင့် မောင်တို့ရဲ့ weedingလား...
နှောင်း မယုံချင်ပါဘူး....''

နှောင်းခေတ် စိတ်လှုပ်ရှားနေတဲ့ ပုံစံမျိုးနဲ့
ခေတ်လိုက်ကို ကြည့်ရင်း ပြောလာသည်။
ခေတ်လိုက်က နှောင်းခေတ်ပါးကို ညင်သာစွာ
ဖဲ့ကိုင်လိုက်ပြီး ပြောလေသည်။

"ဒါက မောင်နှင့် နှောင်းရဲ့....
တကယ့်Weeding လေးပါကွာ....
မောင် ဒီလိုနေ့မျိုးကို ရောက်ချင်နေတာ
ကြာရောပေါ့ နှောင်းရယ်....''

ထိုအခါ ရပ်နေတဲ့ ကားအနက်ရောင်ရှည်ကြီးက မောင်းသူမှာ ခေတ်လိုက်တို့အတွဲအတွက်
တံခါးကို ဖွင့်ပေးသည်။ ခေတ်လိုက်လည်း
နှောင်းခေတ်နှင့်အတူ ဝင်ထိုင်လိုက်သည်။

"မောင်..မောင်အရမ်းပျော်နေတာလား....''

အရမ်းပျော်နေတဲ့ပုံပေါ်နေတဲ့ ခေတ်လိုက်မျက်နှာကို နှောင်းခေတ်ကြည့်ရင်း မေးမိလိုက်ခြင်းဖြစ်သည်။ မောင်ကတော့ တကယ့်အစစ်အမှန် ခံစားချက်နှင့် ပျော်နေပြီး
နှောင်းခေတ်ဘက်က ဘာမှ အစစ်အမှန် မပါကသေးချေ။ အဲ့လိုကြောင့် မောင့်ကို အားနာရသလို သနားလည်း သနားမိနေသည်။

"နှောင်းလေးရာ...မောင်ပျော်ရတာပေါ့...
ကိုယ်ပိုင်ဆိုင်ချင်တဲ့လူကို.. ပိုင်ဆိုင်ခွင့်ရတာ
ဘယ်လောက်တောင် ကံကောင်းလိုက်တာလဲ..''

"အင်းနော်..ဟုတ်တာဘဲ..ပျော်ရတာပေါ့...
နှောင်းလည်း..မောင့်ကို ပြန်ချစ်ကြည့်ပေးမယ်လေ...''

ဝမ်းနည်းသံတွေ စို့နင့်နေသော ထိုလူသားရဲ့
လေသံလေးကို ခေတ်လိုက် သတိထားလိုက်မိသည်။ အခု ထိုလူသားကို စိတ်မကောင်းဖြစ်စေတာ သူဘဲလို့ ခေတ်လိုက် တွေးလိုက်မိတယ်။ သူက သူ့ဘက်ကိုဘဲ ကြည့်ပြီး
နှောင်းခေတ် ခံစားချက်ကို ထည့်မတွက်ခဲ့ခြင်းလည်း ပါတယ်။

𝚁𝚎𝚊𝚍𝚢 𝚝𝚘 𝚋𝚎 𝚖𝚒𝚗𝚎 (𝚘𝚛) 𝙽𝚘𝚝 { 𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙 }Where stories live. Discover now