Chapter-66 ( U + Z )

902 18 5
                                    


Unicode

မနက် ကိုးနာရီအချိန်ဖြစ်သည်။
ခေတ်လိုက် မျက်လုံးမဖွင့်ဘဲ ဘေးကို စမ်းကြည့်လိုက်တော့ အေးစက်စက်မွေ့ယာသာ
စမ်းကိုင်မိလိုက်သည်။ နေ့တိုင်းလို သူ့ရင်ခွင်ထဲ သူတစ်ဦးတည်းသာ ပိုင်ဆိုင်တဲ့ အနွေးဓာတ်လေး ပျောက်သွားတဲ့အခါ ခေတ်လိုက်က နေမတတ် ထိုင်မတတ်ဖြစ်လာသည်။
သူနိုးထလာရင် နှောင်းခေတ်ရဲ့ မျက်နှာကို မြင်လိုက်ရမှ နေ့တစ်နေ့ပြည့်စုံသွားတယ်လို့
ခံစားမိတဲ့ ခေတ်လိုက် တစ်ယောက် အခုချိန်
မှာတော့ တစ်ခုခုလိုနေသလိုမျိုး ရင်ထဲမှာလည်း လေးလံနေသည်။
သူသိလိုက်ရတာတစ်ခုက ထိုလူသားသာ
သူ့အနားမရှိတော့ရင် ဘယ်လိုမှနေ့တစ်နေ့ကို
ကောင်းကောင်းမဖြတ်ကျော်နိုင်ပေ။

နှောင်းခေတ် သူ့အနားမရှိတော့လို့
တွန်းချိုးသွားတဲ့ မျက်ခုံး နှစ်ဖက်ကလည်း
ထိလုနီးပါး။ မျက်နှာကလည်း သုန်မှုန်လို့နေသည်။ အရင်နေ့တွေတုန်းကလိုမျိုး
သူအတွက်များ ထိုလူသားက မီးဖိုချောင်ထဲ
ကြိုးစားချက်ပြုတ်ပေးနေမလား။ အဲ့လိုတွေးမိပြန်တော့ နှုတ်ခမ်းလေးက ပြုံးယောင်သမ်းသွားရသည်။

ခေတ်လိုက်က နှောင်းခေတ်တွေ့ဖို့ဆိုတဲ့စိတ်နှင့် အလျင်အမြန် ထလိုက်မိတဲ့အခါ ခေါင်းတစ်ခုလုံးက အိပ်ရေးမဝသလိုမျိုးနဲ့
မူးဝေသွားသလိုမျိုး ပတ်ဝန်းကျင်ကလည်း
ချာချာလည်သွားသည်။

"ကျစ့်!!!

ခေတ်လိုက်ရဲ့ အလိုမကျပါသော စုတ်သံကလည်း နှုတ်ခမ်းပါးကနေ ထွက်ကျသွားသည်။
သူက သူ့ရဲ့အချစ်တုံးလေးကို တွေ့ချင်နေပါတယ်ဆိုမှ ဒီလိုဖြစ်နေတာ စိတ်ကုန်မိတာကလည်း မဆန်းပေ။

"ညက...မသောက်ထားဘူးဟာ့..
ဘာလို့မူးနောက်နေရော...''

ခေတ်လိုက်က ညအချိန် သူသောက်မိသလားဆိုပြီး တွေးလိုက်သည်။ သို့သော် သူမသောက်ထားမှန်း သူသေချာနေသည်။
ထိုလူသားနဲ့ လက်ထပ်လိုက်ကတည်းက
အပျော်အပါးလိုက်စားတာ နည်းပါးသွားမှန်း
သူကိုယ်တိုင်လည်းသိသည်။ နှောင်းခေတ်ဆီကနေ တစ်ဖဝါးလေးတောင် ဘယ်ဆီကိုမှ မလှမ်းသွားချင်တာ ခေတ်လိုက်ရဲ့ ဆန္ဒတစ်ခုပါ။

𝚁𝚎𝚊𝚍𝚢 𝚝𝚘 𝚋𝚎 𝚖𝚒𝚗𝚎 (𝚘𝚛) 𝙽𝚘𝚝 { 𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙 }Where stories live. Discover now