Chapter-3(U + Z)

10.9K 158 10
                                    


Unicode

ဖြူဖက်ဖြူရော်နှင့် လူကို မကြောက်သလို လုပ်ပြသွားတဲ့ ခဏက လူအကြောင်းကို ခေတ်လိုက်မင်းမူ တွေးရင်းတွေးရင်း ပြောလိုက်သည်။

"ပုံစံကိုက အချိုးမပြေနေတာ..တစ်ချက်စာနှင့်တင် လဲသွားမည့်သူကဖြင့် ဟက်...''

ထိုလူက လူတိုင်းကို သူ့လိုဘဲ ဆက်ဆံနေရင် ထိုလူမှာ ချစ်ပေးကြမည့်လူရှိမည်လို့ ခေတ်လိုက်မထင်ပါချေ။ အဲ့လောက် ကြီးကျယ်နေပြီး ဘာကိုဘာမှ မလုပ်တတ်ဘဲ မိဘလုပ်စာကို ထိုင်ဖြုန်းနေတဲ့ ထို လူပုံစံတွေကတော့ ဆန်ကုန်မြေလေးဘဲ။

အဲ့လောက်လေး အနိုင်ရသွားသည်ကို မိုးပေါ်ထိ ဘဝင်မြင့်ပြနေတဲ့ မထုံတတ်တေး ထိုလူကတော့ ကိုယ့်ကိုကိုယ် ဟုတ်လှနေပြီး ထင်နေတဲ့ပုံ ပြီးတော့ သူတစ်ယောက်လုံး ရှိနေတာကိုတောင် အရေးမစိုက်ဘဲ အနမ်းပေးနေကြသည့် ထိုလူကို ပြန်မြင်ယောင်လိုက်တော့။

"အရှက်မရှိကြတာဘဲ..''

တစ်ခဏဘဲ တွေ့လိုက်ရတဲ့ ထိုလူက ဘယ်လောက်အထိ အချိုးမပြေ ထောင့်မကျိုးလည်းဆိုရင် ထိုလူအကြောင်း တွေးမိတိုင်း မကျေနပ်သလို စိတ်ထဲမှာလည်း တစ်ခုခု ပြန်လုပ်လိုက်ရမှ ကျေနပ်မယ်လို့ ခေတ်လိုက် ထင်၏။

အပြင်သွားတာကိုလည်း မပေါ်တပေါ် ဝတ်သွားသည်က အဘယ်သူကို သွားမြူဆွယ် မလဲဆိုတာကို ခေတ်လိုက် သိစရာမလို။
ဘယ်နေရာကြည့်ကြည့် ဘာကိုမှ အချိုးမပြေတဲ့လူကို ချစ်ပေးနေသည့် သူတွေက အရူးကြီးတွေဘဲ ဖြစ်မယ်။

နှောင်းခေတ်အကြောင်းကို မကျေနပ်ချက်တွေဖြင့် တစ်ထိုင်တည်းတွေးပြီး ထိုးနှပ်နေတဲ့ ခေတ်လိုက်မင်းမူတစ်ယောက် ရိပ်မွန်မြင့်မြတ်ဆိုပြီး နာမည်ထိုးထားတဲ့ စံအိမ်ကြီးကို ကျော်ပြီး ဆက်မောင်းမိနေတာကို မသိတော့ပေ။ သူ့ဘဝမှာ လူအမျိုးမျိုးနှင့် တွေ့ဆုံခဲ့တယ်။ ဒါပေမဲ့ နေ့လည်တုန်းက သူရဲ့ အကျင့်လိုမျိုး မာနတွေ ဘဝင်တွေ မိုးထိမြင့်နေတဲ့ သူလိုမျိုး တစ်ခါမှ မမြင်ဖူးခဲ့ရိုးအမှန်။

"လူကို သက်သက်လိုက်နှောင့်ယှက်နေတာ..
အကုသိုလ်တွေ...''

ထိုလူအကြောင်း ခေါင်းကနေ ထုတ်လိုက်တော့မှ နေလို့ထိုင်လို့ ကောင်းလာသည်။
ကားကို လမ်းဘေးတစ်နေရာမှာ ရပ်ပြီး ပတ်ဝန်းကျင်က စိမ်းပြီး စိုပြေနေတဲ့ သစ်ပင်တွေကို ကြည့်ရင်း အမောဖြေနေသည်။
အဲ့ အားမရှိတဲ့ လူသေအလောင်းခြောက်ကြီး အကြောင်းတွေးရတာ ဒီလောက် မောသွားရမှန်း ခေတ်လိုက်တစ်ယောက် တစ်ခဏမျှ နားမှ သိလိုက်ရသည်။

𝚁𝚎𝚊𝚍𝚢 𝚝𝚘 𝚋𝚎 𝚖𝚒𝚗𝚎 (𝚘𝚛) 𝙽𝚘𝚝 { 𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙 }Where stories live. Discover now