Chapter-70 ( 𝗙𝗶𝗻𝗮𝗹 )

4.9K 38 6
                                        


(Unicode+Zawgyi)

စကားတပြောပြောနဲ့ ခေတ်လိုက်ချီလာတဲ့လူက လုံးဝမပင်ပန်းဘဲ ဘာတွေပြောလို့​ပြောမှန်းတောင်မသိ။ တစ်ခါတစ်လေ ခေတ်လိုက်က နားမလည်ပါလျှင် ထိုလူသားက စိတ်ဆိုးတတ်သည်။ စိတ်ဆိုးတာကလည်း တော်ရုံမဟုတ်ဘဲ နှုတ်ခမ်းကြီးကပါဆူထွက်လာတော့ ခေတ်လိုက် သဘောကျစွာရယ်မိတယ်။
ပြီးတော့ ဘာလို့အဲ့လောက်ထိ ချစ်ဖို့ကောင်းနေရတာလဲဆိုပြီး မေးခွန်းထုတ်မေးတယ်။
အဲ့အချိန် ထိုလူသားက မသိဘူးလေဆိုပြီး
သူ့ကိုပြန်ဖြေပေးမယ်။

"နှောင်းရာ..ခင်ဗျာမပင်ပန်းဘူးလား...''

"ဘာလို့ပင်ပန်းရမှာ...''

နားမလည်သလိုနဲ့ ခေတ်လိုက်ကိုကြည့်ကာ
သူထပ်ပြောလာမှာကို စောင့်စားနေတဲ့အလား
မျက်ဝန်းတွေကလည်း တောက်ပနေသည်။

"အခု လမ်းတဝက်တောင် ခရီးပေါက်နေပြီး..
ဟိုးကနေ အခုထိပြောနေတာ...အာမညောင်းဘူးလား....''

ခေတ်လိုက်အဲ့လိုပြောတော့ နှောင်းခေတ်ဟာ ပက်ခနဲပန်ပြောလေသည်။

"ငြီးငွေ့လာတယ်မလား...သူများက မောင်ကို
အထီးကျန်မှာဆိုးလို့..အာညောင်းခံပြီးတော့ကို ပြောပေးနေတာ..သူကကျေးဇူးမသိဘူး..
အဲ့ဒါကို ချစ်တယ်တဲ့...လူလိမ်ကြီးသွားး...''

သူရင်ကိုပါ တဘုန်းဘုန်းရိုက်ပြီး တွန်းလွှတ်နေတဲ့ ထိုလူသားကြောင့်

"ခင်ဗျာရှိနေတာ မောင့်အပေါ်မှာနော်...''

မောင်က အဲ့လိုပြောတော့ နှောင်းခေတ်ကြည့်လိုက်သည်။ ဟုတ်တယ် သူက အခုမောင်အပေါ်မှာရှိနေတာ။ သူက လမ်းလျှောက်စရာမလိုဘဲ မောင်ချီထားလျှက်နဲ့ ကောင်းစားနေတာကြောင့်ကိုး။

"ဟီးး မောင်ကလည်း..
ညောင်းနေပြီးလားဟင်...''

"ရတယ်..ဘာမှမဖြစ်ဘူး...''

မောင်က ရတယ်ပြောပေမဲ့ အချိန်အတော်ကြာ
သူ့ကိုအခုထိ ချီထားလျှက်နဲ့ လျှောက်လာတာ
လမ်းတဝက်တောင်ရောက်နေပြီး။ အဲ့ကြောင့်
နှောင်းခေတ်ကဘဲ အလိုက်သိစွာနဲ့ ​ပြောလာသည်။

"နှောင်းလည်း..လျှောက်လို့နိုင်ပါတယ်..
အောက်ချပေးတော့....''

𝚁𝚎𝚊𝚍𝚢 𝚝𝚘 𝚋𝚎 𝚖𝚒𝚗𝚎 (𝚘𝚛) 𝙽𝚘𝚝 { 𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙 }Where stories live. Discover now