Unicodeမနက်ခင်းဘက်ရောက်ေတာ့ ခေတ်လိုက်မှာ
လိုတာထက် ပိုနွေးနေတဲ့ သူ့ရင်ခွင်က ထိုလူသားကြောင့် အမြန်ထလိုက်ရသည်။
ထိုလူသားရဲ့ နှဖူးလေးကို ကိုင်ကာ
စမ်းကြည့်လိုက်တဲ့အခါ ကိုယ်ကအရမ်းပူကျစ်နေတာကြောင့် ညကအရှိုန်ကြောင့်နဲ့
အဖျားတက်နေမှန်း သူသိလိုက်ရသည်။"ကျစ်!မောင့်ကြောင့်..ခင်ဗျာ နေမကောင်း
ဖြစ်ရပြန်ပြီး...''ခေတ်လိုက်က ထိုလူသားကို ဖက်လို့
နေအလင်းရောင်ကောင်းကောင်းရတဲ့အချိန်ထိ အိပ်ပစ်မယ်လို့ တွေးထားပေမဲ့
ဖျားလာတဲ့ ထိုလူသားကြောင့်
သူ့မှာ အိပ်ရေးမဝပေမဲ့ ထလိုက်ရသည်။
အရင်အချိန်တွေမှာဆို အိပ်ရေးမဝရင်
စိတ်မကြည်တတ်ဖြစ်ကာ ဒေါသကြီးတဲ့
သူ့မှာတော့ အခုချိန်မှာ ကျေကျေနပ်နပ်ကြီး
ထရကာ သူ့ရဲ့ နတ်သားလေးအတွက်
ဆန်ပြုတ်ချက်ဖို့ မျက်နှာသစ်ပြီး
မီးဖိုချောင်ဝင်ရတော့သည်။ခေတ်လိုက်လို လူက ဟင်းတွေဘာတွေ
မချက်ပြုတ်တတ်ပေမဲ့လည်း မီးဖိုချောင်က
ကိစ္စအနည်းကျဥ်းကိုတော့ သူ လုပ်တတ်သည်။ ဒါကြောင့် ထိုလူသားအတွက်
ဆန်ပြုတ်ချက်ပေးဖို့က ခေတ်လိုက်အတွက်
ခက်ခဲတဲ့အရာတော့ မဟုတ်ပေ။
ဒီနေ့မှ သူတို့ ဒီအိမ်ကြီးကို ပြောင်းလာတာကြောင့် နောက်ထပ်နှစ်ရက် သုံးရက်နေမှ
အိမ်ဖော်တွေ ရောက်လာမှာဖြစ်သည်။အဲ့လိုကြောင့် အိမ်ဖော်တွေကို ပေးချက်ဖြုတ်ပေးရဖို့က ဘယ်သူမှ မရှိတာကြောင့်
သူကိုယ်တိုင်ဘဲ ဝင်လုပ်လိုက်သည်။
ပြီးတော့ သူလည်း မီးဖိုချောင်မဝင်ရတာ
နှစ်နဲ့ချီပြီးဆိုတော့ သူ့လက်ရာကိုလည်း
သူ စိုးရိမ်နေရပြန်သည်။ ဘာလိုတာ၊
ရပြီးလား၊ ဒီလောက်ဆို အရသာက
ကောင်းပြီးလားဆိုတဲ့ အမေးတွေ
မေးဖို့ကလည်း ဘယ်သူမှ မရှိနေသဖြင့်
ကိုယ်ကိုယ်တိုင်ဘဲ သင့်တော်သလို
စီစဥ်ချက်ပြုတ်ပေးနေသည်။"အင်း..အသုံးချလို့ ရသေးသားဘဲ....''
ကိုယ့်လက်ရာ ကိုယ် ပြန်မြည်းကြည့်ကာ
ခေတ်လိုက်မှာ တစ်ယောက်တည်း
ကိုယ်ဘာကိုယ် ပြန်ပြောနေပြီး
ကျေနပ်နေရတယ်။ သူ အဲ့လိုမျိုး
မီးဖိုချောင် ကိစ္စတွေ အနည်းကျဥ်း သူ့အမေဆီကနေ သင်ယူရတာက နောင်တစ်ချိန်
ဒီလိုမျိုး တစ်ယောက်ယောက်ကို ဂရုစိုက်ရမယ်ဆိုတဲ့ အတွေးနှင့်ပေါ့။ အခုတော့
တတ်တဲ့ အရာကို အသုံးချလို့ရပြီးပေါ့။

YOU ARE READING
𝚁𝚎𝚊𝚍𝚢 𝚝𝚘 𝚋𝚎 𝚖𝚒𝚗𝚎 (𝚘𝚛) 𝙽𝚘𝚝 { 𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙 }
Romance𝗪𝗮𝗿𝗻𝗶𝗻𝗴 [𝟭𝟴+] 𝗣𝗼𝘀𝘀𝗲𝘀𝘀𝗶𝘃𝗲 𝗧𝘆𝗽𝗲 𝗳𝗶𝗰🚨 ခေတ်လိုက်မင်းမူ+နှောင်းခေတ်မဟာဆန်