Chapter-17 ( U + Z )

5.2K 116 16
                                    


Unicode

ဦးမင်းနှောင်းက အခန်းထဲ အချစ်အကြောင်းဖွဲ့ဖောင်းနေတဲ့ သူနှင့် သူမချစ်နိုင်ဘူးလို့ ငြင်းဆန်နေတဲ့ မိမိရဲ့သားတွေရဲ့ ​ပြောစကားတွေကို ခိုးနားမထောင်ချင်တော့တာကြောင့် အောက်ထပ်ကို လှည့်ဆင်းလာသည်။

ထိုအချိန် စိတ်ပူနေတတ်တဲ့ ကိုယ့်ရဲ့ဇနီးက သူ့အနားအပြေးရောက်လာပြီး သူ့ကို မေးလေတော့သည်။

"သားနှင့် ဟိုကောင်လေး အဆင်ပြေရဲ့လား..ဟိုဘက်အိမ်ကလူရဲ့ သားဆိုတော့ ဇာရဲ့သားကို တစ်ခုခုလုပ်လိုက်မှာ ကြောက်တယ်ကိုရယ်...''

"အာ..ဘာမှ စိတ်ပူစရာမလိုဘူး..အခုတော့ လုပ်ငန်းတွေကို စိတ်မဝင်စားတဲ့ ကိုယ်တို့သားကတောင်..အဲ့ကောင်လေး ရှင်းပြပေးနေတဲ့ လုပ်ငန်းအကြောင်းကို ဂရုတစိုက် နားထောင်နေလိုက်တာ..ဒါက သတင်းကောင်းမဟုတ်လား...''

ဇာက သူ့ကို ကြည့်ပြီး ပြန်​ပြောလာသည်။

"အဲ့လိုဆိုတော့..ဝမ်းသာစရာဘဲပေါ့..ဒါကြောင့် ကိုကိုက အပေါ်ထပ်ကနေ ဆင်းလာကတည်းက ပြုံးနေရတာကိုး...''

"ဟုတ်ရတာပေါ့..ကိုယ်ဝမ်းသာတယ်..''

တကယ်တော့ ဦးမင်းနှောင်း ဆိုလိုတဲ့ သတင်းကောင်းက သူ့သားလုပ်ငန်းအကြောင်း စိတ်ဝင်စားလို့မဟုတ်ဘဲ သူရဲ့ သမက်တော်နေချင်တဲ့ သမက်လောင်းဆီကနေ ကိုယ့်သားကို ချစ်ခွင့်ပန်နေတဲ့ အကြောင်းကသာ ဦးမင်းနှောင်း နားထဲ ပျားရည်သွန်းထည့်လိုက်သလို ထိုအချစ်စကားတွေမှာ သိပ်ကို ချိုလွန်းလှ၏။

ဒါက ဖေတို့မိသားစုနှင့်လည်း သက်ဆိုင်တာမလို့ သားနှောင်းအတွက်လည်း ကောင်းစေမှာပါ။ ဖေက ကိုယ့်ကိုယ်ကျိုးအတွက် ကြည့်တာမဟုတ်ဘဲ ဖေတို့ မိသားစုတစ်ခုလုံးရဲ့ အကျိုးကို ကြည့်ပြီး ထိုကောင်လေးနှင့် သဘောတူခဲ့တယ်ဆိုတာကိုလည်း သူရဲ့သားဖြစ်သူကို သိစေချင်တယ်။

တစ်ဖက်မှာတော့

"ဟအင့်..မင်းတို့အရွယ်က စိတ်ကစားတတ်တဲ့အရွယ်..ပြန်မချစ်ပေးနိုင်ဘူး..မင်း ဒီထက် ရင့်ကျက်သင့်တယ်..''

"ဟောကွာ..ကျုပ်အခု Companyကိုတောင် ဦးစီးနေရပြီး..အဲ့ဒါတောင် ရင့်ကျက်တဲ့လူ မဖြစ်ရသေးဘူးလား...''

𝚁𝚎𝚊𝚍𝚢 𝚝𝚘 𝚋𝚎 𝚖𝚒𝚗𝚎 (𝚘𝚛) 𝙽𝚘𝚝 { 𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙 }Where stories live. Discover now