Chapter-42 ( U + Z )

2.3K 53 14
                                    


Unicode

ခေတ်လိုက်တစ်ယောက် နှောင်းခေတ် စိတ်တိုင်းကျ ရေချိုးခန်းထဲသို့ ချီသွားပြီး မျက်နှာသစ်စေလိုက်သည်။ နှောင်းခေတ်မှာတော့ သူပြောတဲ့စကားကို ခေတ်လိုက်က နာခံနေတာ တွေ့တော့ ရင်ထဲမှာ ပန်းကလေးတွေ ပွင့်လန်းလာသလို ထိုကောင်လေးကို
တဖြည်းဖြည်း လက်ခံလာနေမိတယ်။

အရင်က ထိုကောင်လေးက ဆိုးတဲ့သူတစ်ယောက်လိုမို့ နှောင်းခေတ် မယုံကြည်ရဲသလို
ဖြစ်နေပေမဲ့လည်း အခုချိန်မှာတော့ ထိုကောင်လေးက အခြားလူတစ်ယောက်လို
ပြောင်းလဲသွားသလို တွေ့ရတော့ နှောင်းခေတ်မှာ သူနဲ့ ထိုကောင်လေးရဲ့ အိမ်ထောင်ရေးအတွက် စိတ်ပူပန်နေမှု မရှိတော့ပေ။

မျက်နှာသစ် ရေမိုးချိုးပြီးတော့ နှောင်းခေတ် ရရာ အင်းကျီကိုဘဲ ဝတ်လိုက်သည်။ ပြီးတော့ ဘေးကနေ တောက်လျှောက် လိုက်လာတဲ့ ထိုကောင်လေးကို နှောင်းခေတ်မေးလိုက်သည်။

"မောင်...ဒီလိုဘဲ တစ်ညလုံး လိုက်နေတော့မှာလား....''

ခေတ်လိုက်မှာ နှောင်းခေတ် စိတ်ရှုပ်နေဟန်
မေးနေတာမဟုတ်ကြောင်း သိနေသဖြင့်

"အင်းဟုတ်တယ်...
မောင် လုပ်ရပ်အတွက် အပြည့်အဝ
တာဝန်ယူတယ်လေ..နှောင်း.....''

"ဟွန့်...မပိုစမ်းပါနဲ့..မောင်ရယ်...''

ခေတ်လိုက်က နှောင်းခေတ် မောင်လို့
ခေါ်လိုက်တဲ့ အချိန်တိုင်း လှုပ်ရှားသွားတဲ့
နှောင်းခေတ်ရဲ့ နှုတ်ခမ်းကိုကြည့်ကာ
ကြောင်အနေမိတယ်။ အရမ်းလှတဲ့ ထိုလူသားရဲ့ နှုတ်ခမ်းကနေ ထွက်ကျလာတဲ့
ထို မောင်ဆိုသော နာမ်စားလေးကို ခေတ်လိုက် နှစ်ခြိုက်သည်။

အဲ့ကြောင့် ခေတ်လိုက် ဒီလို ပြောလိုက်သည်။

"နှောင်း..မောင်ပြောချင်တာက..ဒီလိုဘဲ
မောင်လို့အမြဲတမ်းခေါ်ပါလား...
နှောင်းချတဲ့အမိန့် မောင် နာခံပြီး ဖြည့်ဆည်းပေးမယ်...''

ခေတ်လိုက် အဲ့လိုပြောလာတဲ့အခါ နှောင်းခေတ် တစ်ယောက် ရှက်သွားမိသလိုဖြင့်။

"ဘယ်တုန်းက..အချစ်အကြောင်း ဖွဲ့တတ်သွားတာတုံး...''

နှောင်းခေတ် အဲ့လိုပြောပြီးတော့ လှည့်ထွက်မိအပြု။

𝚁𝚎𝚊𝚍𝚢 𝚝𝚘 𝚋𝚎 𝚖𝚒𝚗𝚎 (𝚘𝚛) 𝙽𝚘𝚝 { 𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙 }Where stories live. Discover now