Unicodeနှောင်းခေတ်ဘက်မှာက မောင့်ကိုလာစေချင်နေပြီးဖြစ်သည်။ ဘယ်ကနေမှန်း သူတောင်
သေချာမသိတဲ့လူက သူ့ကိုဖမ်းခေါ်လာတယ်ဆိုတော့ မောင်ကို နေရာပြောပြပေးဖို့ကလည်း အခက်တွေ့နေရပြန်သည်။ ဒီနေရာကနေ နှောင်းခေတ် ဘယ်လိုလွှတ်အောင် ထွက်ရမလဲဆိုပြီး ခေါင်းထဲအဲ့ဒါတွေဘဲ
စဥ်းစားနေရသည်။"ဟူး....''
သက်ပြင်းရှည်ကြီးတစ်ချက်ကို ချကာ
အခန်းတွေရဲ့ ပုံစံကို နှောင်းခေတ်
လေ့လာကြည့်လိုက်သည်။ ထိုအခန်းရဲ့
ပုံစံက အောက်ထပ်ကိုဆင်းဖို့
လမ်းတစ်ခုသာ ရှိနေတယ်ဆိုတာကို
သူသိလိုက်ရသည်။ ပြတင်းပေါက်ကိုဖွင့်ကာ
အောက်ဘက်ငုံ့ကြည့်လိုက်တော့
နှောင်းခေတ် အသည်းယားလာသလို
ခံစားမိသည်။ အထပ်တွေက သိပ်မများပေမဲ့
တစ်ထပ်ဆိုရင် ကျယ်ပြီး ကြီးလွန်းသဖြင့်
အထပ်နည်းသော်လည်း အမြင့်ကတော့
ပြုတ်ကျရင် အသက်ပါတစ်ခါတည်း
ထွက်သွားစေရမှာဖြစ်သည်။"စိတ်ရှုပ်လိုက်တာ...''
ထိုစဥ် တံခါးဖွင့်တဲ့အသံကို ကြားလိုက်ရတာကြောင့် နှောင်းခေတ်မှာ ပြတင်းပေါက်အောက်ကို ငုံ့ကြည့်နေရာကနေ အလျင်အမြန် အခန်းထဲဝင်ကာ ထိုင်ချလိုက်သည်။ သူထင်ထားသလို ခဏက ကြောက်စရာကောင်းတဲ့လူမဟုတ်တော့ဘဲ
သူ့ကို အစားအစာလာပို့တဲ့ ကောင်လေးဖြစ်နေသည်။"ကျွန်တော် ဖုန်းယူလာပေးတယ်..
ခင်ဗျာ ဆက်စရာရှိတာ အမြန်ဆက်...''နှစ်ကိုယ်ကြား ထိုကောင်လေးက ပြောလိုက်သည်။ နှောင်းခေတ်က သူ ဖုန်းအကြောင်းတွေးနေခိုက် အခု ထိုကောင်လေးက
ဖုန်းလာပေးတယ်ဆိုတဲ့ သူ့ရဲ့ကယ်တင်ရှင်ပင်ဖြစ်ရမယ်။"ကျေးဇူးပါနော်...''
နှောင်းခေတ် ကျေးဇူးတင်စကားဆိုပြီး
ခေတ်လိုက်ရဲ့ နံပါတ်ကို သူအမြန်ရိုက်ထည့်လိုက်ပြီး တစ်ခါတည်းခေါ်လိုက်တယ်။
ဒါပေမဲ့ ကိုင်မဲ့သူကမရှိ။ နှောင်းခေတ်လည်း
အကြိမ်ကြိမ်ခေါ်လို့ ဖုန်းဝင်သော်လည်း
မောင်ကမကိုင်တော့ သူငိုချင်သွားသည်။"ဘာလို့လဲ..တစ်ဖက်လူက မကိုင်လို့လား...''
နှောင်းခေတ်ရဲ့ ငိုချင်ချင်ဖြစ်သွားတဲ့
မျက်နှာကိုကြည့်ပြီး ထိုကောင်လေးက
ပြောလိုက်ခြင်းဖြစ်သည်။ ယင်းကောင်လေးရဲ့နာမည်က ပိုင်ဇေယံဖြစ်သည်။
ထိုကောင်လေးက နှောင်းခေတ်ကို
ဖမ်းခေါ်လာကတည်းက ကူညီချင်နေခဲ့တာဖြစ်သည်။

YOU ARE READING
𝚁𝚎𝚊𝚍𝚢 𝚝𝚘 𝚋𝚎 𝚖𝚒𝚗𝚎 (𝚘𝚛) 𝙽𝚘𝚝 { 𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙 }
Romance𝗪𝗮𝗿𝗻𝗶𝗻𝗴 [𝟭𝟴+] 𝗣𝗼𝘀𝘀𝗲𝘀𝘀𝗶𝘃𝗲 𝗧𝘆𝗽𝗲 𝗳𝗶𝗰🚨 ခေတ်လိုက်မင်းမူ+နှောင်းခေတ်မဟာဆန်